စာရိုက်ခြင်း လက်ရေးနဲ့ရေးခြင်း အသံနဲ့ ပြော၍ရေးခြင်း၊သိလိုအခြားဘာသာစာကို ဘာသာပြန်နဲ့ရေးခြင်းနှင့်ပြည့်စုံသည့် Gboard ကီးဘုတ်
အားလုံးပဲ မင်္ဂလာပါ နည်းပညာတွေ တိုးတက်လာသည်နှင့်အမျှ လိုက်လို့မမှီတော့လို့ ကီးဘုတ်တွေ ပြောင်းသုံးရတာ အဆင်မပြေသူများအတွက် စာရိုက်ခြင်း၊ လက်ရေးနဲ့ ရေးခြင်း၊ အသံနဲ့ ပြော၍ရေးခြင်း ၊ဘာသာပြန်နဲ့ရေးခြင်းများ စွမ်းဆောင်ပေးသည်ကီးဘတ်တစ်ခုနဲ့မိတ်ဆက်ပေးခြင်ပါတယ် သူကတော့ GBOARD ကီးဘတ်ပဲဖြစ်ပါတယ် ပေါ်လာတာ ကြာပြီဆိုပေမယ့် အချို့မသုံးတက်သေးသူအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်
အဲဒီလိုသုံးနည်းကို အခုပြပေးမှာပါ။
ပထမဆုံးကတော့ အထက်မှာ ရေးထားသလို ဖောင့်ကို ယူနီကုဒ်ဖြစ်အောင် default font ကိုအရင်ပြောင်းရပါမယ်။ဒါပေမယ့် အခုနောက်ပိုင်းထွက်သည့်ဖုန်းတွေက ယူနီကဒ်ဖောင့် ထည့်ပေးထားပြီးသားမို့ Gboard က အစကတည်းကပါလာတတ်ပေမယ့်မပါလာလျင်လည်း play store ကနေ ဒေါင်းပြီး ထည့်နိုင်ပါတယ်နော်။
https://play.google.com/store/apps/details?id=com.google.android.inputmethod.latin&hl=en

ဒေါင်းလို့ပြီးရင်တော့ ဒေါင်းထားတဲ့ Gboardမှာ မြန်မာဘာသာကိုရွေးပေးရပါမှာဖြစ်ခြင်းကြောင့် မိမိဖုန်းရဲ့ ဆက်တင်ထဲ၀င်ရမှာဖြစ်ပါတယ်။သို့မဟုတ် Gboard ကိုမြန်မာဘာသာနဲ့ set up လုပ်ရတာကို လွယ်ချင်ရင်တော့ ဖုန်း မှာ Language ကို ဗမာ လို့ အရင်ပြောင်းထားရင်လည်းရပါတယ်။

ပြီးမှ Gboard ထည့်ရင် ဘာသာစကားနဲ့ အသံနဲ့ရိုက်တဲ့ ဘာသာစကားမှာ မြန်မာဘာသာကို အဆင်သင့်ထည့်ပေးပါတယ်။ အင်္ဂလိပ်ကီးဘုတ်တော့ ပြန်ထည့်ရတယ် ဆက်တင်ထဲ၀င်ပြီးရင်


Gboard settings ကိုရောက်လျင် မြန်မာဘာသာစကားထည့်သွင်းရန် အပေါ်ဆုံးက Languages & Inputကိုနှိပ်ပြီး မြန်မာဘာသာကိုရှာပါ သို့မဟုတ် Burmese ရှာ၍ အတည်ပြုထည့်လည်းရပါတယ်။

voice typing အသံနဲ့ စာရိုက်ခြင်းအတွက်ပြင်ဆင်Setting မှာ voice typing ကိုဖွင့်ပေးထားပါ. voice typing အောက်မှာ Offline speech recognition ကိုတို့ပြီးဖွင့်ပါ။ ပေါ်လာတဲ့ထဲက Languages ကိုနှိပ်ပြီး မြန်မာဘာသာ (မြန်မာ) ဒေါင်းလို့ရပါတယ်။ကိုရွေးပေးပြီး save ကိုနှိပ်ပါ။




အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် |
အကယ်၍များ ကိုယ့်ဖာသာကိုအသစ်ဒေါင်းယူထည့်သွင်းတဲ့ Gboard ဆိုလျင်တော့ install လုပ်ပြီးလို့ Gboard ကို စဖွင့်တာနဲ့ Gboard setup နဲ့ settings ကိုသွားပါတယ်။ permission တွေတောင်းလျင်ပေးလိုက်ပါ။
မြန်မာစာကိုတာ့ စာလုံး ပေါင်းသကဲ့ရေးရပြီး စာလုံးဆင့်ကိုတောာ့ ္။ နှင့်သာခံရေးရတယ် စာလုံးအောက်မှာ + ပြထားတဲ့ ခလုပ်ကိုနှိပ်ပါ အင်္ဂလိပ်အက္ခရာမှာဆို Fနေရာကိုနှိပါပြီး လျင် အောက်မှာဝင်ရမယ့်စာလုံးကိုရိုက်လို့ရပါပြီ။ဥပမာ မင်္ဂလာပါ [မင်+ဂ+ လာ +ပ+ ါ]ကျောင်း [ ေ + က +ျ +ာ + င + ် + း ]လိမ္မော် [ လ + ိ +ေ+မ+္+မ + ာ + ် ]အင်္ဂါ [ အ + င + ် + ္ + ဂ + ါ ]ဥက္ကဋ္ဌ [ ဥ + က + ္ + က + ဋ + ္ + ဌ ]ဣန္ဒြေ [ ဣ + ေ + န + ္ + ဒ + ြ ]

shortcut bar မှာလိုတာပြောင်းကီးဘုတ်ရဲ့ အပေါ်တန်းက short cut မှာပါတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး shortcut bar မှာ ကိုယ်မြင်ချင်တဲ့ shortcut ကို ရွေပေးလို့ရပါတယ်။

အဲဒီမှာပါတဲ့ translate ကိုသုံးပြီး မြန်မာလိုရေးကာ တခြားဘာသာတဲ့ ပေါ်စေပါတယ်။ မိမိ မရေးတတ်တဲ့ ဘာသာနဲ့ မက်ဆေ့ပြန်တာမျိုးမှာ အသုံးတည့်ပေမယ် ဘာသာပြန်တာ အမြဲမှန်တာတော့ မဟုတ်ပေမယ့် သာမာန်တာ့အသုံးတည့်မှာဖြစံတယ်အသံနဲ့ပြောတာကိုစာရိုက်ခြင်တယ်ဆိုရင်တော့ကီးဘုတ်မှာ မိုက်ကရိုဖုန်းပုံကိုနှပ်ပြီး အသံနဲ့ပြောတာကိုစာရိုက်ခိုင်းလို့ရပါတယ်။ဒါပေမယ့် ဖြည်ဖြည်းနဲ့ပီပီသသပြောဖို့လိုပါတယ်။အားလုံးအဆင်ပါမယ်ဟု မျှော်လင့်ပါတယ်။