ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း ၁၁၉ နိုင်ငံများမှ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ခြွင်းချက်မရှိချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခြင်း၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ရက် နေ့တွင်ကျင်းပခဲ့သောလွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ ၏ရလဒ်များကိုလေးစားခြင်းအားဖြင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒကို လေးစားလိုက်နာရန် တောင်းဆိုခြင်း၊ အာဏာသိမ်းစစ်ကောင်စီ၏ လက်ထဲသို့စစ်လက်နက်များ စီးဆင်းမှုကိုရပ်တန့်ရန် တောင်းဆိုခြင်း စသည့်ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းအားဖြင့် မြန်မာနိုင်ငံရှိရက်စက် ကြမ်းကြုတ် သော အာဏာသိမ်းစစ်ကောင်စီအား သတိပေးလိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်ပြီး ကျရှုံးနေပြီဖြစ်သောအာဏာသိမ်းစစ်ခေါင်းဆောင်များသည် သူတို့၏အကြမ်း ဖက်မှုလုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ရန်အတွက် ၁၁၉ နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း ၏ စကားကိုနားထောင်ရန်နှင့် အချုပ်အခြာအာဏာကို မြန်မာပြည်သူများနှင့် ၎င်းတို့ ရွေးကောက်ထားသော အမျိုးသားညီညွတ်ရေးအစိုးရထံသို့ ခြွင်းချက်မရှိ ချက်ချင်းပြန်လည်အပ်နှင်းရန် နောက်ဆုံးသတိပေး အခွင့်အရေးပေးနေပါသည်။
နိုင်ငံပေါင်း ၁၁၉ နိုင်ငံ၏ဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အား မည်သည့်အခါမျှ မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမည် မဟုတ်ကြောင်း အခိုင်အမာပြသနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏လက်နက်ကိုင်တပ်ဖွဲ့များသည် အရပ်သား ပြည်သူများအားကာကွယ်ရမည့်အစား သတ်ဖြတ်နေကြခြင်းသည် သာမန်မဟုတ်ပေ။ အရပ်သားပြည်သူ ၉၀၀ နီးပါးကို သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူ ၆၁၈၀ ကိုတရားမဝင်ဖမ်းဆီးခြင်းနှင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂၀၀၀ ကျော်အား တရားမဝင်ဖမ်းဆီး ချုပ်နှောင်ခြင်းများနှင့် ဖမ်းဝရမ်းများကိုရှောင်လွှဲရန် ပုံးရှောင်နေကြရခြင်းကိစ္စများသည် သာမန်ကိစ္စများမဟုတ်ပေ။
ကျရှုံးနေသော အာဏာသိမ်းစစ်ကောင်စီမှ ဖန်တီးလျက်ရှိသော ဆိုးရွားသောနိုင်ငံမတည်ငြိမ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးများသည် မြန်မာနိုင်ငံကိုကျရှုံးသော နိုင်ငံအဖြစ်ပြုလုပ်နေပြီး ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခြင်းသည် သာမန်မဟုတ်ပေ။ စနစ်အားလုံးသည်အလျင်အမြန်ပြိုလဲနေပြီဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ ၂၇ သန်းကိုတစ်နှစ်အတွင်း ဆင်းရဲနွမ်းပါးမှုအခြေအနေသို့ ရောက်စေတော့မည်ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် မြန်မာလူမျိုး (၆.၄)သန်း တို့တွင်စားနပ်ရိက္ခာပြတ်လပ် လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျရှုံးနေသောစစ်အာဏာရှင်ကို ထောက်ခံအားပေးလျက်ရှိသည့် ကမ္ဘာ တစ်ဝှမ်းမှနိုင်ငံများသည် အပြစ်မဲ့အရပ်သားမြန်မာပြည်သူ ၅၄ သန်းအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ရက်စက်ယုတ်မာမှုများ၊ ဆက်လက်ကျူးလွန်ရန်အတွက် စစ်အာဏာရှင်ကိုလိုင်စင်ချပေးခြင်းသာဖြစ်သည်။

ထို့ကြောင့်ကျွန်ုပ်တို့ သည် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအား စစ်အာဏာရှင်ထံ အင်အားကြီး စုစည်းထားသော သတိပေးစကားများကိုဆက်လက်ပေးပို့ရန်နှင့် မြန်မာပြည်သူလူထုကိုယ်စား အာဏာသိမ်း စစ်အာဏာရှင်အပေါ်တွင် ပိုမိုအားကောင်းခိုင်မာသည့် အစီအမံများ၊ ပစ်မှတ်ထားခြင်းများ နှင့် အရေးယူမှုများပြုလုပ်ရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်။ ဤရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ထံမှ မြန်မာပြည်သူလူထု၏ ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်သည် မြန်မာပြည်သူများနှင့် ဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်တရားမျှတရေးတို့ကို ယူဆောင်ပေးမည့် တစ်ခု တည်းသောနည်းလမ်း ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မြန်မာ့သမိုင်း၏ အမှောင်ဆုံးအချိန်တွင် ကျွန်ုပ်တို့ နှင့်အတူရပ်တည်သူအားလုံးအပေါ် သစ္စာရှိသောမဟာမိတ်များ၊ မိတ်ဆွေများနှင့် စီးပွားရေးလုပ်ဖော် ကိုင်ဖက်များအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသံများကို နားထောင်ပေးသည့် အတွက်ကျေးဇူးတင်ပါသည်။#SaveMyanmar#ArmsEmbargo#DefundtheJunta

