
ရွှေ့ပြောင်းလုပ်သား ၃ နိုင်ငံသားအတွက် အလုပ်ရှင်ရှာဖွေသည့်ကာလကို ရက် ၆ဝ ပြောင်းလဲပြင်ဆင်ရန်၊ ၂၉-၁၂-၂ဝ၂ဝ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရလုပ်သားများ၏ ကိုဗစ်-၁၉ စစ်ဆေးခံယူခြင်းကာလနှင့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခွင့် (ဘော်တော်-၄၈) ကာလကို တိုးမြှင့်ပေးရန်၊ ၂ဝ-၈-၂ဝ၁၉၊၄-၈-၂ဝ၂ဝ၊ ၁ဝ-၁၁-၂ဝ၂ဝ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရလုပ်သားများကိုထိုင်းနိုင်ငံတွင် ယာယီဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးမှ ထိုင်းအစိုးရ
အဖွဲ့ထံ အဆိုပြုခဲ့သည်။
.
ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် စက်ရုံအလုပ်ရုံများလုပ်ငန်းလည်ပတ်မှုနှင့် လုပ်သား ၂ သန်းကျော် (၂,၁၅ဝ,၆၆၃) ၏အလုပ်အကိုင်တည်မြဲရေးအတွက် အလုပ်သမားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီပြဿနာဖြေရှင်းနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အစည်းအဝေးတရပ်ခေါ်ယူခဲ့ပြီး အောက်ပါအချက်များကို အဆိုပြုရန် သဘောတူညီခဲ့သည်။
.
၂၉-၁၂-၂ဝ၂ဝ အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရလုပ်သားများ၏ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းအချိန်ကာလကို ၁၆-၆-၂ဝ၂၁ ရက်နေ့အထိ တိုးမြှင့်ပေးရန်၊ ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံဝယ်ယူခြင်း၊ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၏အွန်လိုင်းမှတဆင့်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားခြင်း စသည့်လုပ်ငန်းစဉ်များ၏အချိန်ကာလကို နိုင်ငံခြားလုပ်သားအလုပ်အကိုင်စီမံအုပ်ချုပ်ရေးကော်မတီမှအဆိုပြုသည့်ကာလနှင့်အညီတိုးမြှင့်ရန်၊ တားမြစ်ရောဂါ ၆ မျိုးဆေးအဖြေကို ၁၈-၁ဝ-၂ဝ၂၁ နေ့အထိတင်ခွင့်ပြုရန် အဆိုပြုထားသည်။
.
ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးသော ၂ဝ-၈-၂ဝ၂ဝ နှင့် ၄-၈-၂ဝ၂၁ အစိုးရအဖွဲ့့အစည်းအဝေးဆုံးဖြတ်ချက်အရလုပ်သားများအား ထိုင်းနိုင်ငံတွင်ဆက်လက်နေထိုင်ခွင့်ပြုရန်၊ ၄င်းတို့လက်ရှိကိုင်ဆောင်ထားသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းမကုန်ဆုံးမီသက်တမ်းတိုးကြရမည်ဖြစ်ပြီး ပတ်စပို့
စာအုပ်သက်တမ်းကုန်ဆုံးသည့်လုပ်သားများသည် ၁ နှစ်အတွင်းစာအုပ်အသစ်ပြုလုပ်ရမည်ဖြစ်ပြီး ဗီဇာပြုလုပ်ရ
မည်။
.
ပတ်စပို့စာအုပ်သက်တမ်းကုန်ဆုံးနေသော ၁ဝ-၁၁-၂ဝ၂ဝ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရလုပ်သားများအား စာအုပ်အသစ်ပြုလုပ်ရန်နှင့်ဗီဇာပြုလုပ်နိုင်ရန်အတွက် အထူးနေထိုင်ခွင့် ၁ နှစ်ပေးရန် အဆိုပြုထားသည်။
.
အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တင်ထားပြီး (ဘော်တော် ၄၈) ၂ဝ-၈-၂ဝ၁၉၊ ၄-၈-၂ဝ၂ဝ၊ ၁၀-၁၁-၂ဝ၂ဝ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ MOU လုပ်သားများသည် အလုပ်ရှင်းပြောင်ရန်အချိန်မမီခဲ့သောလုပ်သားများထဲမှ ၁-၁-၂ဝ၂၁ ရက်နေ့မှ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်မတိုင်မီနေ့အတောအတွင်း
နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသော MOU လုပ်သားများအား ၁၃-၂-၂ဝ၂၃ ရက်နေ့အထိ အထူးနေထိုင်ခွင့်ပေး
ရန်ဆိုပြုထားသည်။
.
အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နေ့မှ ၁၃-၂-၂ဝ၂၃ ရက်နေ့တွင် နေထိုင်ခွင့်မကုန်ဆုံးသေးသော MOU လုပ်သားများအား အလုပ်ရှင်ရှာဖွေကာလကို မူလ ၃ဝ ရက်မှ ၆ဝ ရက်အဖြစ်တိုးမြှင့်ပေးရန် အဆိုပြုထားသည်။
.
ထိုင်းနိုင်ငံတွင်တရားဝင်နေထိုင်လုပ်ကိုင်လျက်ရှိပြီး နေထိုင်ခွင့်ကုန်ဆုံးရန်နီးကပ်လာသည့်လုပ်သားဦးရေ ၂ သန်းကျော် (၂,၁၅ဝ,၆၆၃) ရှိနေပြီး ပန်းရောင်ဘတ်ကတ်ကိုင်ဆောင်ထားသည့်လုပ်သား ၁ သန်းကျော် (၁,၃၆၄,၂၁၄) ဦး၊ MOU လုပ်သား ၁ သိန်းကျော် (၁၃၁,၅၈၅) ဦး၊ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသည့်၂၉-၁၂-၂ဝ၁၉ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရလုပ်သား ၆ သိန်းခွဲကျော် (၆၅၄၈၆၄) ဦး ရှိသည်ဟု အလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတိစထီးရန်း ကဆိုသည်။
.
Ref: ไทยรัฐ
Photo : กรมการจัดหางาน
.
#Mingalapar(Thailand) #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK