ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁ရက်နေ့ တွင် မြန်မာ့တပ်မတော်မှ အရပ်သားအစိုးရသစ်ကို ဖြုတ်ချပြီးအာဏာသိမ်းလိုက်ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် တစ်ကျော့ပြန် ပစ်ခတ်မှုတွေပြန်ဖြစ်နေခဲ့ပြီး ထိုင်းဘက်ခြမ်းစစ်ဘေးရှောင် စခန်းများသို့ ၀င်ရောက်ခိုလုံလာခဲ့ကြသည်။
အခုရက်ပိုင်း ဇွန်လ ၁ ရက် နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ခွဲထွက်ဒီကေဘီတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြသည်။

တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်း မဲ့ကိုကင်းရွာကို ၀င်ရောက်ခိုလှုံကြရပြီးနောက် အချို့သောသူက အမျိုးအိမ်ရောက်နေတာရှိသလို အချို့ကြတော့လည်း ထိုင်းစစ်သားနဲ့ရပ်ရွာလုံခြုံရေး တာ၀န်ရှိသူအာဏာပိုင်များ၏စီစဉ်ပေးသည့်နေရာ ခိုလုံခွင့်ရကြသည်။
ရောက်သည့်နေ့မှာပင်အာဏာပိုင်များက ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးခဲ့ပြီးထိုစစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် မဲဆောက်လူထုအခြေပြုMRPWG မှ အဖွဲ့မှာ အစားအသောက်နှင့်အသုံးအဆောင်များ စီစဉ်ပေးခဲ့သည်။
အပစ်အခတ်ရပ်သည်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့ကိုကင်းရွာတွင် စစ်ဘေးရှောင်၀င်ရောက်လာသူ ၇၀၀ဦးတို့သည် မိမိနေရပ်သို့ အသီးသီးပြန်သွားခဲ့ကြသူမှာ၄၄၀ခန့်ရှိပြီဖြစ်ပြီး ကျန်နေသည့်၂၆၀ဦးတို့ကိုလည်း MRPWG မှ အဖွဲ့မှာ အစားအသောက်နှင့်အသုံးအဆောင်များ စီစဉ်ကူညီပေးနေဆဲဖြစ်ပြီးအခြား တစ်ပိုင်တစ်နိုင်နှင့် လာရောက်ကူညီပေးသူများလည်းရှိနေဆဲဖြစ်သည်။
သို့သော် စိတ်ချလို့မသည့်ခြေလှမ်းဖြင့် မရေရာမှုများနှင့် ပြည်တော်ရွာသို့ လှမ်း၀င်နေကြရသည်မို့ ဘယ်အချိန် တိုက်ပွဲ သို့ ပသ်ခတ်မှုထပ်ဖြစ်မည်ကို မသိနိုင်သဖြင့် နေရပ်ပြန်သွား သော ဒုက္ခသည်များအနေဖြင့် သို့ စစ်တပ်၏ ပြည်သူအာဏာသိမ်းခြင်းလိုက်ရသော မြန်မာပြည်သူလူထုတို့သည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပညာရေး ပြန်လည်ထူထောင်ရေး အစရှိသည့်အရေးပေါင်းများစွာနဲ့ ရင်ဆိုင်ကြရာ ဘဝအာမခံချက်မရှိသဖြင့် ပြည်ပရောက်မြန်မာပြည်သား ထိုင်းရောက်မြန်မာပြည်သားများကတော့ မိမိတို့တက်နိုင်သလောက် မိမိတို့ပြည်သူကို ပြန်လည်ကူညီဖို့ အသင့်ပြင်ထားဆဲဖြစ်သည်။
ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ တွင် ပိတ်မိနေသော ပြည်တော်ပြန်လိုသည့် မြန်မာနိုင်ငံသားများနှင့် ထိုင်းအစိုးရမှ ဖမ်းဆီးအရေးယူခြင်းကိုခံယူပြီး မိခင်နိုင်ငံ ပြန်လည်ပို့ဆောင်ခံရမည့် မြန်မာနိုင်ငံသားတို့သည်လည်း ပြည်တော်ပြန်ခွင့်မရပဲဖြစ်နေသည့်အတွက် အလားတူအရေးပေါ်ကူညီမှုတစ်ရပ်အဖြစ် MRPWG နှင့် မဲဆောက်မြို့နယ်အတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများစုပေါင်းကာလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။
ပြည်တော်ပြန်လာသူ မြန်မာလုပ်သားများထံမှ ကိုဗစ်ပိုးတွေ့မှုများ ရှိနေ၍ ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ပြန်လည်ဝင်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများကို ပြည်ဝင်လက်ခံရေးအတွက် ဇွန်လ ၁၆ရက်နေ့ထိ ဆိုင်းငံ့သွားမည်ဟု မြန်မာဘက်ခြမ်းမှ ဆိုခြင်းကြောင့် အမှတ်၂ တံတားတွင် ပိတ်မိနေသူများအတွက်လည်း MRPWG နှင့်အခြားခြားသောအဖွဲ့အစည်းများကသွားရောက်ကူညီပေးလျှက်ရှိသည်။
ထိုပိတ်မိနေသူထဲမှ လ၀က နှင့်သက်ဆိုင်သူ၂၆၄ဦးကိုတော့ လ၀က မှ ပြန်လည်ခေါ်ဆောင်သွားကာ နေရာစီစဥ်ပေးခဲ့ပြီး MRPWG အနေဖြင့် လ၀က တာ၀န်ရှိသူအရာရှိတစ်ဦးနှင့် တွေ့ဆုံပြီးနောက် လိုအပ်သည်များကို ၀ယ်ယူထုတ်ပိုးပြီးနောက် လ၀က ရုံးသို့ပြည်တော်ပြန်မည့် အကျဉ်းသားဟောင်းများထံ သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်သည်။



မဲ့ကိုကင်းတွင် စစ်ဘေးရှောင်သူတို့အား ချက်ပြုတ်ကျွေးမွေးသည့်MRPWGအဖွဲ့သားအချို့



Photo credit owner ဓါတ်ပုံ ရှင်များအားလေးစားပါ၏။