အလုပ်သမားဝန်ကြီးနှင့်အဖွဲ့သည် Covid-19 စစ်ဆေးမှုလုပ်ငန်း၏ အချိန်ကာလကိုထပ်မံတိုးချဲ့ခြင်း
နိုင်ငံခြားသားနိုင်ငံသား ၃ နိုင်ငံမှ အလုပ်သမားများကို အလုပ်ရှင်ရှာဖွေခွင့်ရက်ပေါင်း ၆၀ ထပ်တိုးပေးခြင်း
၂၀ သြဂုတ် ၂၀၁၉ ကက်ဘိနက်ဆုံးဖြတ်ချက် ၄ သြဂုတ် ၂၀၂၀ နှင့် ကက်ဘိနက်ဆုံးဖြတ်ချက် ၁၀ နိုဝင်ဘာ ၂၀၂၀ တို့အား ယာယီဖြေလျှော့ပေးခြင်းဖြင့် နေထိုင် အလုပ် လုပ်ခွင့်ပေးခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာသူများအား သက်ညှာသောအားဖြင့် ၂၉ဒီဇင်ဘာ ၂၅၆၃ ခုနှစ်ရက်စွဲဖြင့် ကက်ဘိနက်အဖွဲ့၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြား သားများ အတွက် နေထိုင်ခွင့် အလုပ်လုပ်ခွင့်ကဒ် ပြုလုပ်ခြင်းဆိုင်ရာ(Bor Tor 48) ကို စက်တင်ဘာ ၁၃ ရက်အထိနောက်ဆုံးထားပြီး ဆောင်ရွက်ရမည် ဖြစ်သည်ဟုထုတ်ပြန်ထားခြင်း အထက်ပါအုပ်စုတို့သည် ပြည်ထဲရေး၀န်ကြီးဌာနနှင့်အလုပ်သမား၀န်ကြီးဌာန တို့၏ ထုတ်ပြန်အတည်ပြုချက် အတိုင်း ဇူလိုင်လ ၂၇ ရက် ၂၀၂၂- ရက်နေ့တွင်အပြီး ဆောင်ရွက် ရမည်ဖြစ်သည်။ အလုပ်သမားဝန်ကြီးနှင့်အဖွဲ့တို့သည့် ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားလာမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများကိုစီမံခန့်ခွဲမှုဆိုင်ရာများကိုလည်း ထိခိုက်စေခဲ့သဖြင့် အလုပ်ရှင် လုပ်ငန်းများ၏ စီးပွားရေး အပေါ်သက်ရောက်မှုနှင့် ပတ်သက်၍ အလုပ်သမားလိုအပ်မှု ပြဿနာကို ဖြေရှင်းရန်အတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး အစည်းအဝေးအတည်ပြုချက်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်ရသည်။
၁။ ရွှေ့ပြောင်းအလုပ်သမားများအကြား ကိုဗစ်-၁၉ စစ်ဆေးမှုအချိန်ကာလထပ်တိုးရန်
၂။ ဒီဇင်ဘာလ ၂၉ရက်နေ့ ၂၀၂၀ ခုနှစ်ကက်ဘိနက်ကအတည်ပြုထုတ်ပြန်ချက်နှင့် နေထိုင်ခွင့် အလုပ် လုပ်ခွင့်ကဒ်အသစ်ပြုလုပ်ခြင်းကို မူလထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်နေ့အထိ ကျန်းမာရေးစစ်ဆေးခြင်း ကိုဗစ် စစ်ဆေးခြင်း ကျန်းမာရေးအာမခံဝယ်ယူခြင်း လဝကရုံးတွင် အချက်အလက်ပေးပို့ခြင်း အလုပ် လုပ်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ဘော်ထော် ၄၈ တင်ခြင်း လုပ်ငန်းအပြီးအစီးလုပ်ဆောင် ရမည်ဟုဆိုပေမယ့် အလုပ်ရှင် ရှာမရသေးသူအတွက်အချိန်မမှီမည်ဆိုသည့်အတွက် နောက်ထပ် ရက်ပေါင်း ၆၀ တိုးမြှင့်ပေးလိုက်ခြင်း။
၃။ စာရွက်စာတမ်း သက်တမ်းကုန် ပေမယ့် ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်ရပြီးသည့် နိုင်ငံခြားသားအလုပ်သမားများနှင့် မကြာမီလပိုင်းများတွင် နေထိုင် အလုပ် လုပ်ကိုင်ခွင့် စာရွက်စာတမ်း အထောက်အထားသက်တမ်းကုန်မည့်သူများ အတွက်အပါဝင် ကြားကာလ အလုပ်ထွက် သို့ အလုပ်ထုတ်ခံရ၍ သတ်မှတ်ထားသည့်ရက်အတိုင်း အလုပ်ရှင်သစ်ရှာခွင့် မရလိုက်သည့် ဘိုင်ကျဲ့အော့(အလုပ်ထွက်စာ)သက်တမ်းသေနေသူများ တို့၏ အရေးကိစ္စ များဆွေးနွေးကြခဲ့သည်။


