ရွှေ့ပြောင်းအရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုပေါ်လစီကော်မတီ (CPC)နှင့် အလုပ်သမားဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနနှင့် အလုပ်သမားဝန်ကြီးတို့သည် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုပေါ်လစီကော်မတီ (CPC) အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ရွှေ့ပြောင်းအရေးနှင့်ပတ်သက်ပြီးဆွေးနွေးကြသည်။
အလုပ်သမားဝန်ကြီးဌာနဝန်ကြီးနှင့်အတူအလုပ်သမားဝန်ကြီးဌာနအတွင်းရေးမှူးအလုပ်သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးညွှန်ကြားရေးမှူးချုပ်နှင့်အတူအလုပ်သမားဝန်ကြီးဌာနရှိအထက်တန်းအရာရှိကြီးများနှင့်အလုပ်သမားများနဲ့သက်ဆိုင်ရာအရာရှိများလည်းအစည်းဝေးတက်ရောက်ကြပြီး ကိုဗစ်-၁၉ စစ်ဆေးရန်အချိန်ထပ်တိုးရန် ၂၉ရက်နေ့ဒီဇင်ဘာလ၂၀၂၀ ကက်ဘိနက်က ထုတ်ပြန်ချက်အကြောင်းနှင့်လုပ်ဆောင်ချက်များ နှင့်အညီဆောင်ရွက်မှု  စာရွက်စာတမ်း သက်တမ်းကုန် ပေမယ့် ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်ရပြီးသည့် နိုင်ငံခြားသားအလုပ်သမားများနှင့် မကြာမီလပိုင်းများတွင် နေထိုင် အလုပ် လုပ်ကိုင်ခွင့် စာရွက်စာတမ်း အထောက်အထားသက်တမ်းကုန်မည့်သူများအတွက်အပါဝင် ကြားကာလ အလုပ်ထွက် သို့ အလုပ်ထုတ်ခံရ၍ သတ်မှတ်ထားသည့်ရက်အတိုင်း အလုပ်ရှင်သစ်ရှာခွင့် မရလိုက်သည့် ဘိုင်ကျဲ့အော့(အလုပ်ထွက်စာ)သက်တမ်းသေနေသူများ တို့၏ အရေးကိစ္စ များဆွေးနွေးကြခဲ့သည်။

အစည်းအဝေးကို အလုပ်အကိုင် ဦးစီးဌာန၊အဆောက်အအုံ၏  ၁၀ လွှာ၊ အစည်းအဝေးခန်းမ၊ Tian Achakul တွင်ဤအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/prdlpw

Leave a comment