စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့ဆောက်လုပ်ရေးကဏ္ဍသည် ဆောက်လုပ်ဆဲနှင့် အသစ်ဆောက်လုပ်မည့် လုပ်ငန်း အားလုံးနီးပါးသည် ရပ်တန့်လျက်ရှိနေပြီး လုပ်သားပေါင်း ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့ဆောက်လုပ်ရေးကဏ္ဍသည် ဆောက်လုပ်ဆဲနှင့် အသစ်ဆောက်လုပ်မည့် လုပ်ငန်း အားလုံးနီးပါးသည် ရပ်တန့်လျက်ရှိနေပြီး လုပ်သားပေါင်း ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင် အသင်းက သိရသည်။

လက်ရှိအချိန်တွင် ပြည်ပမှ တင်သွင်းရသော ဆောက်လုပ်ရေး ကုန်ကြမ်းများနှင့် ပြည်တွင်း၌ ထုတ်လုပ်နေသော ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အစိုးရ တင်ဒါလုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် ဆောက်လုပ်ငန်းရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ အများအပြား ရှိနေကြောင်း ဆောက် လုပ်ရေး လုပ်ရှင်များက ပြောကြသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က “တဖက်မှာ ပစ္စည်းဈေးက လည်းတက်၊ ငွေသားကလည်း ထုတ်မရတဲ့ အခက်အခဲက ဖြစ်တယ်။ နောက်တခါ အကူးအပြောင်းကာလမှာ ဌာနဆိုင်ရာ လူကြီးတွေ ပြောင်းကုန်တယ်။ CDM လုပ်တာ ဘာတို့ ဆိုတော့ ပိုက်ဆံက ၂ လ၊ ၃ လနဲ့ ထုတ်မရဘူး။ ထုတ်ရပြန်တော့လည်း ချက်လက်မှတ်နဲ့ ရတယ်။ ဆောက်လုပ်ရေး ကဏ္ဍဆိုတာ နေ့တိုင်း ပိုက်ဆံပေးချေနေရတာမျိုးဆိုတော့ တော်တော်ကို အခက် အခဲ ဖြစ်တယ် လို့ ပြောသည်။

ဦးမျိုးမြင့်က “အရင်က တင်ဒါအောင်ထားတဲ့ ဈေးနှုန်းနဲ့ အခု ကုန်ကြမ်းဈေးနဲ့က ဘယ်လိုမှ မကိုက်တော့ ရပ်ထားလို့လည်း မရ၊ ဆက်လုပ်ဖို့လည်း ခက် ဖြစ်ကြရတာပေါ့။ နောက်တခါ ဘဏ်ကနေ ချေးငွေယူထားကြရတဲ့အတွက် တဖက်မှာ အတိုးကလည်း ပေးနေရသေးတယ် အဲဒီတော့ တကယ်မဖြစ်မနေ ဆက်လုပ်ရမယ့် ပရောဂျက်တွေကို ဆက်လုပ်ပြီး ကျန်တာ တော်ော်များများ ရပ်နေကြရတယ်” ဟု ဆိုသည်။

ဆောက်လုပ်ရေးကဏ္ဍသည် အခြေခံ နေ့စားလုပ်သားများ အပါအဝင် လုပ်သား အများအပြားကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်သည့် ကဏ္ဍဖြစ်ပြီး လက်ရှိအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများသည် နိုင်ငံရေးအခြေအနေများနှင့် ဈေးကွက် အရ တွက်ချေ မကိုက်သည့် အခြေအနေများအရ လုပ်ငန်းအများစုသည် ဆောက်လုပ်ဆဲ စီမံကိန်းများကို ရပ်ဆိုင်းထားသလို စီမံကိန်းအသစ် တည်ဆောက်မှုများကိုလည်း ရပ်နားထားရခြင်းကြောင့် ထိုကဏ္ဍရှိ စုစုပေါင်း လုပ်သားအင်အား၏ ၃၀ ရာခိုင် နှုန်းမှ ၅၀ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက ခန့်မှန်းထား သည်။

ဆောက်လုပ်ရေး လုပ်ငန်းအများစုသည် အစိုးရ၏ တင်ဒါ စီမံကိန်းလုပ်ငန်းများပေါ်တွင် အဓိက မှီခိုလုပ်ကိုင်နေကြရပြီး လက် ရှိ စစ်ကောင်စီသည် တင်ဒါ ပရောဂျက်များ ခေါ်ယူထားသော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို ပေးသွင်းထား သည့် တင်ဒါအာမခံကြေးများကိုပင် ပြန်လည်မထုတ်နိုင်သေးသည့် အခြေအနေ ဖြစ်နေသောကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် တင်ဒါလုပ်ငန်းများကို ဝင်ရောက်ယှဉ်ပြိုင်မှုများ ရပ်ဆိုင်းထားလျက်ရှိကြောင်း သိရသည်။

ယခင်က အစိုးရ တင်ဒါလုပ်ငန်းများကို ဆောက်လုပ်ခွင့်ရရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို ပုဂ္ဂလိကဘဏ်များက လုပ် ငန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ထုတ်ချေးပေးလေ့ရှိပြီး ယခုတွင် ထိုချေးငွေကို မရတော့ကြောင်း ၎င်းက ပြောဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများသည် အစိုးရ တင်ဒါလုပ်ငန်းများကို လုပ်ဆောင်ရန် အခက်အခဲများ ရှိလာချိန်တွင် ပြည်တွင်း၌ အများပြည်သူများက ဘဏ်မှ အပ်ငွေများကို ပိုင်ဆိုင်မှု အသွင်ပြောင်းရန်အတွက် တိုက်ခန်းဝယ်ယူမှုများ အနည်းငယ် ပြန် လည် မြင့်တက်လာလျက်ရှိကြောင်း ဆောက်လုပ်ငန်းရှင်များထံက သိရသည်။

လူတွေက အခုဆိုရင် သူတို့ပိုက်ဆံကို ဘဏ်ထဲမှာရော သူတို့လက်ထဲမှာရော မထားရဲကြတော့တဲ့အတွက် အမာဈေးကွက် တွေကို ပြန်ရောက်လာတာပေါ့။ အဲဒီတော့ ရွှေတို့ အိမ်ခြံမြေဈေးကွက်ကို ပြန်လည်လာတဲ့ အနေအထားဖြစ်တာပေါ့။ ငွေသား နဲ့ မဟုတ်ဘဲ ဘဏ်စာရင်းထဲကနေပဲ ငွေပေးချေကြတာ ဒါပေမယ့် အရောင်းအဝယ်ဖြစ်တာ အရမ်းနည်းပါတယ်သေးတယ်” ဟု ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက့ ပြောပါတယ်

ဆောက်လုပ်ရေး ကဏ္ဍသည် ပြီးခဲ့သည့်နှစ်များတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ အိမ်ရာချေးငွေဝန်ဆောင်မှုများကြောင့် တိုက်ခန်းဝယ်လိုအားများ ပြန်လည် မြင့်တက်လာခဲ့ပြီး ကိုဗစ်ကာလတွင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကြောင့် လုပ် ငန်းများ ပြန်လည် နှေးကွေးသွားခဲ့သလို ယခု အာဏာသိမ်းမှုကြောင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ ထပ်မံ ရပ်တန့် နေရ ပြန်ပြီ ဖြစ်ပါတယ်


ref: The Irrawaddy – Burmese Edition
.
photo :burma.irrawaddy

Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbyzawlinmaung

Leave a comment