



ဇွန်လ ၁၊ ၂၀၂၁။ ဒူးပလာယာခရိုင်
ခွဲထွက်ဒီကေဘီအေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေ ၄၀၀ နီးပါးရှိတယ်လို့ ကြားသိရပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ခွဲထွက်ဒီကေဘီတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။
တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းဘက်ကိုရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်တယ်လို့ ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
“ တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိ ရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာမှသယ်မရဘူး။ ဟိုဘက်ရောက်တော့ ထိုင်းစစ်သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးနေတယ်။ အစားအသောက် အဝတ်အထည် နေရာထိုင်ခင်း အကူညီလိုအပ်တာပေါ့။ အခု သူတို့နေတာ နွားတင်ကုပ်ထဲမှာ စုနေရတာလေ။ ဖလူးလေး ဖလူးကြီးရွာသူရွာသားတွေပေါ့။
ဒီကနေ့ညနေပိုင်းမှာလည်း ဖလူးဒေသမှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပြီး အနီးအနားပတ်ဝန်းကျင် ရွာတွေကပါ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါသေးတယ်။
အဲ့ဒီနေ့ ဖလူးတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့တာပါ။
Credit- ဒူးပလာယာခရိုင်
#သန့်ဇင်အောင်(၁/ ၆/ ၂၀၂၁)