ပြည်‌တော်ပြန်ကြိုဆိုရေးလုပ်ငန်း ယာယီရပ်ဆိုင်းထားမည်ဟုကြေညာပြီး ပြည်၀င်ခွင့်မရသူ မြန်မာပြည်သားများအား အစားအသောက် နှင့်အမျိုးသမီးလစဉ်သုံးပစ္စည်းအရေးပေါ်လိုအပ်နေ

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ် ထိုင်း မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ ကို မေလ ၃၁ ရက်နေ့မှစ၍ ပြည်တော်ပြန် ကြိုဆိုရေးကို ယာယီရပ်နားသွားမည်ဟု မြန်မာဘက်ခြမ်းက ကြေညာထားပြီးနောက် ယနေ့ ဇွန်လ ၁ ရက်နေ့ တွင် မြန်မာဘက်သို့ ကူးခွင့်မရပဲ ပိတ်မိနေသူ  ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သား သုံးရာဦးကျော် ပိတ်မိနေကြောင်း သံအရာရှိမဲဆောက်နှင်မြန်မာဘက်ခြမ်းတာ၀န်ရှိသူ ဆွေးနွေးပြောဆိုထားပေမယ့် ယနေ့တော့၀င်ခွင့်မရတော့ကြောင်း
ပြည်တော်ပြန် လက်ခံကြိုဆိုပို့ဆောင်ပေးသည့် ဌာန“ကိုဟိန်း” ထံမှ သိရသည်။

ယနေ့(ဇွန်လ ၁ရက်) ညနေပိုင်းတွင် မဲဆောက် မြဝတီချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့် သုံးရာဦးကျော်
တို့သည် မြန်မာပြည်သို့ပြန်လည် ဝင်ရောက်ရန် ဂိတ်တွင်စောင့်ဆိုင်းနေကြရပြီး ယနေ့ည‌နေ  (၃) နာရီအထိ မြန်မာဘက်ခြမ်းမှ ခေါ်ရန်စောင့်ဆိုင်းခဲ့ပေမယ့် လုံး၀ကို လက်မခံတော့သဖြင့်
ပိတ်မိနေသူ တို့အတွက် အစားအသောက်နှင့်အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်သည်ဟု ပြည်တော်ပြန် လက်ခံကြိုဆိုပို့ဆောင်ပေးသည့် ဌာနက ကိုဟိန်းမှMDC/NCCMသို့ဆက်သွယ်၍ ကူညီ‌ေပးဖို့ ပြောဆိုလာပါသည်။

ထိုသို့ ဆက်သွယ်လာခြင်းကြောင့် MDC/NCCM မဲဆောက် မှအရေး‌ေပါ်အခြေနေဖြင့် မြန်မာ့ထမင်းဟင်း ဆိုင်တစ်ဆိုင်တွင် လူဦးရေ ၂၀၀ဦးအတွက်သော်လည်းကောင်း မှာယူပြီး ရခိုင်အလုပ်သမားများအဖွဲ့ မှ လူဦးရေ ၂၀၀အတွက်သော်လည်းကောင်း အသီးသီးချက်ပြုတ်ပြီး သောက်‌ရေနှင့်တကွ အလုပ်သမား ၃၀၀ကျော်ဦးတို့အား MDC/NCCM နှင့်အတူ ရခိုင်အလုပ်သမားများအဖွဲ့ AWO, အလုပ်သမားဥပဒေဆေးခန်း LLC တို့က သွားရောက်ပေးဝေခဲ့ကြသည်။

ထိုနောက် နိုင်‌ငံရေး ကျန်းမာရေးအခြေနေ အဆင်မပြေသည့်ကြားက ဘာကြောင့်ပြန်လာကြသလဲဟု မေးမြန်းရာမှာ
“ယခုနောက်ပိုင်း ပြန်လည်၀င်ရောက်လာသည့် ရွေ့ပြောင်းမြန်မာလုပ်သားများထဲက  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိသည့် အတွက် စိုးရိမ်စရာဖြစ်လာလို့ မြန်မာဘက်ခြမ်းမှ ကွားရတင်းစင်တာ နဲ့ ပြန်လည်၀င်ရောက်လာသူ မညီမျှသဖြင့်ယခုလို ယာယီပိတ်လိုက်ရခြင်းဖြစ်သည် ”ဟု အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးကပြောပါသည်။

ထိုနောက် ပြည်တော်ပြန်မည့်အလုပ်သမားတစ်ဦးကို‌မေးမြန်းရာမှာ‌တော့ “ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ဖြစ်ပွားမှုက ပိုမိုမြင့်တက်လာပြီး တစ်ရက်လျှင်ကူးစက်မှုနှုံး ထောင်ကျော်လာသည့်အတွက် အလုပ်သမားတစ်ယောက် အလုပ်ပြုတ်ပြီဆိုရင် နေထိုင်စားသောက်ဖို့ခက်ခဲပြီး အလုပ်အကိုင်အသစ်လည်းရှာဖွေရခက်သလို ကိုယ်တိုင်စုဆောင်းထားတာမရှိတော့ တော်တော်လေး အခက်အခဲဖြစ်လို့ ပြန်ဖို့ဆုံးဖြတ်လိုက်ရသည်” ဟုပြန်လည် ၀င်ရောက်လာဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ဆိုပါသည်။

မြန်မာဘက်ခြမ်းကတာ၀န်ရှိသူတို့မှလည်း ထမင်းနှင့်သောက်ရေသန့်များ လာရောက်ပို့ဆောင်နေသည်လည်းရှိပါသလို ဤအလုပ်သမား၃၀၀ကျော်တို့အား ပြည်တော်၀င်ရဖို့အတွက် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်းနှင့် နောက်နောင် ပြန်လာမည့်သူများအနေဖြင့် မပြန်လာခင် သတင်းကိုစုံစမ်းလေ့လာသင့်ကြောင်းနှင့် ပွဲစားစကားယုံကြည်ကာ ရမ်းသမ်းပြန်မလာသင့်ကြောင်း ကိုဟိန်းမှပြောပါသည်။

ယခုပိတ်မိနေသူတို့ကိုတော့ မနက်ဖြန် ပြည်၀င်ခွင့်ရမရဆိုတာကိုတော့ စောင့်ဆိုင်းကြည့်ရမှာဖြစ်ပြီး အကယ်၍ပြည်၀င်ခွင့်ရသည့်တိုင် မကြာသေးမီကထုတ်ပြန်သည့်အတိုင်းတစ်နေ့လျှင် ၂၀၀ဦး နှင့်တစ်ရက်ခြားလက်ခံခြင်းကြောင့် အနည်းဆုံးတော့ လူနှစ်ရာခန့် အတွက်အစားအသောက် လိုအပ်မှာဖြစ်ကြောင်း ၎င်းကဆိုပါသည်။
ယနေ့ထိုင်းကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်ခံရသူ ၂၂၃၀ဦး စတင်‌ကူးစက်ခံရသည့်လူဦးရေ ၁၆၂၀၂၂ဦးယနေ့သေဆူံသူ ၃၈ဦး စုစုပေါင်းသေဆုံးသူ ၉၇၅ဦးထိရှိကြောင်းသိရှိရပါသည်။

ဤသတင်းကို ရခိုင်အလာပ်သမားများအဖွဲ့ AWO ဥက္ကဌ ဦးအောင်အောင်ထံမှသိရသည်။

Leave a comment