စမွတ်ပရာကန်ခရိုင် စမ်းရုန်နယ်မြေတွင် လူ ၁,၁၂၁ ဦးကိုပစ်မှတ်ထားစစ်ဆေးရာမှ ပိုးရှိလူနာ ၁၄၇ ဦးေ တွ့ရှိရပြီးနောက် စျေးသူစျေးသားမှအပ အပြင်လူများကိုဝင်ခွင့်ပိတ်ထားသည်ဟု သိရသည်။
ယနေ့ (ဇွန် ၁) ပိုးရှိနိုင်ခြေမြင့်မားသော စျေးသူစျေးသားများနှင့် လုပ်သားအပါအဝင် စျေးအတွင်း နေထိုင်သူစုစုပေါင်း ၁,၁၂၁ ဦးကို ပစ်မှတ်ထားစစ်ဆေးရာမှ ပိုးရှိလူနာ ၁၄၇ ဦးတွေ့ရှိရသည်ဟု သိရသည်။
ထို့နောက် စမွတ်ပရာကန်မြို့နယ်၊ စမ်းရုန်နြူးကျေးရွာအုပ်စုရှိ စျေးတခုတွင် ပိုးရှိလူနာ ၄၀ ဦးကို အထူးစစ်ဆင်ရေးအင်အားများနှင့်နာရေးကူညီမှုအသင်းသားများက လာရောက်ခေါ်ဆောင်သွားပြီး ဘန်ဖလီမြို့နယ်၊ ရတ်ချဖတ်ထွန်ဘူရီတက္ကသိုလ်ရှိ ယာယီဆေးရုံနှင့် ဆေးကုသခွင့်ရွေးချယ်ထားသည့်ဆေးရုံများသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။
.
အဆိုပါပိုးတွေ့လူနာများတွင် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံသားများပါဝင်သည်ဟု သိရသည်။
.
ပိုးကူးစက်မှုဖြစ်ပွားခဲ့သည့်၎င်းစျေးကို မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁ဝ ရက်နေ့အထိ လော့ခ်ဒေါင်းချထားပြီး အစိုးရဝန်ထမ်းများမှနေ့စဉ်ပိုးသတ်ဆေးဖျန်းပေးနေသည်ဟု သိရသည်။
.
သတင်း- ရွှေကရင် ရာမညမြေ
ပြန်ဆို-สมุทรปราการ
ဇွန်လ ၁ ရက်နေ့ ၂၀၂၁
.
#Mingalapar(Thailand) #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK
