၂၀၂၁ ခုနှစ်မေလ ၃၁ ရက်နေ့
တာခ်ခရိုင် စစ်သား၊ ရဲတပ်ဖွဲ့တို့မှ ကပ်ရောဂါကာကွယ်ရေး covid 19 ဖြစ်ပွားမှုကြောင့် နယ်စပ်တစ်လျှောက်အထူးကြပ်မတ်၍ကင်းလှည့်နေစဉ်အတွင်း ကားနှင့်ဆိုင်ကယ် မော်တော်ယာဉ်များနယ်စပ်ဖြတ်ကျော်ပြီး သယ်ဆောင်ရန်ပြင်ဆင်မှုကို ဖမ်းဆီးခဲ့သည်
ထိုင်း – မြန်မာနယ်စပ်ရှိ အထူးတပ်ဖွဲ့ဝင်အမှတ် ၄ ခြေလျင်တပ်ရင်း၊ ဝါလေ တပ်အောက်ခံဌာန ဖုပ်မရာ့မြို့နယ် မှ အာဏာပိုင်များတို့သည်ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကင်းလှည့်နေစဉ်အတွင်း နယ်စပ်ဖြတ်ကျော်၍ စီးနှင့်ဆိုင်ကယ် (၈) စီးကို မှောင်ခိုတင်သွင်းရန်ပြင်ဆင်သည့် အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၂ ဦး တို့ကို ပစ္စည်းနှင့်တကွ ဖမ်းဆီးထိန်းသိမ်းယူနိုင်သည်။
ထိုင်းလူမျိုး ၆ ဦး အမျိုးသား ၅ ဦး အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား စာရွက်စာတမ်းအထောက်အထားမရှိသူ ကျား ၁ မ ၁ စာရွက်စာတမ်းအထောက်အထားရှိသူ အမျိုးသား ၁ အမျိုးသမီး ၄ ဦးတို့ဖြစ်ကြသည်။
၄င်းတို့အား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအက်ဥပဒေအပြင်အခြား မှောင်ခိုးဆောင်ရွက်မှုဖြင့် ဖုတ်ဖရာ့ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိသည်။
ကိုးကား AEC อาเซียน News

