မြဝတီနယ်စပ် ထိုင်းမြန်မာအမှတ် ၂ တံတားမှ နေရပ်ပြန်ကြိုဆိုမှုကို မေလ ၃၁ ရက်နေ့ မှစ၍ ယာယီဆိုင်းငံ့ထားမှာဖြစ်တယ်ဟု မြဝတီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မြဝတီနယ်စပ် ထိုင်းမြန်မာအမှတ် ၂ တံတားမှ နေရပ်ပြန်ကြိုဆိုမှုကို မေလ ၃၁ ရက်နေ့ မှစ၍ ယာယီဆိုင်းငံ့ထားမှာဖြစ်တယ်ဟု မြဝတီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
.
လက်တလောထိုင်းနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာတွေ အရှိန်မြှင့်တက်နေတာဖြစ်တာကြောင့် ထိုင်းကပြန်လာတဲ့ မြန်မာလုပ်သားများထံမှ ကိုဗစ်ပိုးတွေ့မှုများ ရှိနေ၍ ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ပြန်လည်ဝင်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများကို ပြည်ဝင်လက်ခံရေးအတွက် ဆိုင်းငံ့ထားရန် အထက်ဌာနများသို့ တင်ပြထားကြောင်းမြန်မာဘက်ခြမ်း ပြည်တော်ပြန် ကြိုဆိုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
.
“ထိုင်းနိုင်ငံခရိုင်အသီးသီးနှင့် ဘန်ကောက်ကနေ လမ်းစရိတ် ဘတ် ၃ ထောင်နှင့် ၈ ထောင်ကြားပေး၍ ပွဲစားများနှင့် ချိတ်ဆက် ဆင်းလာကြသည့် မြန်မာတွေ (၁) ထောင်ဝန်းကျင်ခန့်မှာ မြဝတီတဖက်ကမ်း မဲဆောက်တောမောင်းရုံးများတွင် ရောက်ရှိနေကြပါတယ်။
.
ထိုသို့ရောက်ရှိနေသူများကိုသာ စိစစ်လက်ခံပေးသွားမှာဖြစ်ပြီး
မေလ ၃၁ ရက်နေ့ နောက်ပိုင်း ပြန်လာသူများကိုတော့ ပြည်ဝင်ခွင့် ဆိုင်းငံ့ထားရန် အထက်ဌာနများသို့ တင်ပြထားတယ်” လို့ ၎င်းက ဆိုပါတယ်။
.
မေ ၃၁ ရက်၊ ၂၀၂၁ခုနှစ်။
သတင်း – ကိုချစ် ဇွဲကပင်မြေ
ကိုးကား- နနော်(မြဝတီ)

