လူကုန်ကူးမှုတားဆီးရေးနှင့်ကိုဗစ်-၁၉ရောဂါ အကြောင်း အသိပညာပေးဟောပြောခြင်း

ထိုင်းနိုင်ငံ၊တာခ်ခရိုင် မဲဆောက်မြို့နယ် မဲကဆာတိုက်နယ် တွင်ရှိသော ရွှေ့ပြောင်းအလုပ်သမားများတို့အား မဲဆောက်လူကုန်ကူးမှုတားဆီးရေးကွန်ရက်အဖွဲ့မှ သွားရောက်ကာ လူကုန်ကူးမှုအကြောင်းသိကောင်းစရာနှင့် ကိုဗစ်-၁၉ကပ်ရောဂါအကြောင်း လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအလုပ်သမားဆိုင်ရာအခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောခြင်းပြုလုပ်ခဲ့သည်။

ထိုဟောပြောပွဲကို မဲ့ကဆာ တိုက်နယ်အတွင်းရှိ မဲ့ကဆာ ဘုန်းတော်ကြီး ဇရက်ကြီးတစ်ခုတွင်ကျင်းပပြုလုပ်ခဲ့ပြီး တောင်ယာလုပ်ငန်း စိုက်ပျိုးရေး ဆောက်လုပ်ရေးလုပ်ငန်း အသီးသီးတွင် လုပ်ကိုင်နေကြသူ အလုပ်သမား 57 ဦးတို့တက်‌ရောက်ခဲ့ကြသလို နယ်မြေခံမြန်မာ ရွာလူကြီး တို့လည်း တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ တက်ရောက်လာသူများက လက်မှတ်ရေးထိုးကြပြီး လူကုန်ကူးမှုတားဆီးရေးကွန်ရက်အဖွဲ့၀င် ရခိုင်အလုပ်သမားများအဖွဲ့အစည်းဥက္ကဌ ဦးအောင်အောင်မှ ကူးစက်ရောဂါအကြောင်း ဆောင်ရန် ရှောင် အချက်အလက်များနှင့် အလာပ်သမားအခွင့်အရေးသိထားရမည့် အချက်အလက်များအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကုန်ကူးမှုတားဆီးရေးကွန်ရက်အဖွဲ့၀င်ဖြစ်သော မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီအဖွဲ့အစည်းမှ ဒေါ်နန်းစုလှိုင်ထွန်းမှ လူကုန်ကူးမှုအကြောင်းသိကောင်းစရာ လူကုန်ကူးမှုဆိုသည်မှာ အလယ်နည်း ဘာကြောင့် ဘယ်လို မည်သည့်အကြောင်းအရာကြောင့် လူကုန်ကူးမှုဖြစ်သည် မည်ကဲ့သို့ ရှောင်ရန် တိုင်ကြားရန်
အစရှိသည့်အကြောင်းအရာများ ဟောပြောပေးခဲ့သည်။

ထိုနောက် MDC/NCCM (Mae Sot office) ရုံးဥက္ကဌ ကိုကျော်ဇင်မှ ‌လုံခြုံစွာရွှေ့ပြောင်းသွားရေး အကြောင်းသိကောင်းစရာနှင့် မည်ကဲ့သို့ရွှေ့ပြောင်းသွားလာမှုသည် တရား၀င်ရွှေ့ပြောင်းသွားလာသင့်သည်ဟုဟောပြောပေးခဲ့ကြသည်။


LLC မှ ကိုစိုင်းစိုင်းသည်လည်း အစိုးရထုတ်ပြန်ချက် နှင့် တရားမ၀င် ၀င်ရောက်လာမှု တရားမ၀င် နေထိုင်မှု တရားမ၀င် အလုပ် လုပ်ကိုင်မှုတို့၏ ပြစ်မှုပြစ်ဒဏ်အကြောင်း တရားအ၀င်၀င်ရောက်လာသူကို လက်ခံထားပါ မည်ကဲ့သို့ ပြစ်မှုသင့်၍ ပြစ်ဒဏ်သည်လည်း မည်မျှရှိသည်ဟု ဟောပြောပေးခဲ့ပြီး ဆောင်ရန် ရှောင်ရန်အကြောင်းတို့ကိုလည်း ဟောပြောပေးခဲ့သည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီအဖွဲ့အစည်းက ဒေါ်ဇင်မာမှ တက်ရောက်လာသည့် အလုပ်သမားများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်ဟု ရခိုင်အလုပ်သမားများအဖွဲ့အစည်းဥက္ကဌ ဦးအောင်အောင်ထံမှ သိရသည်။

Leave a comment