

နိုင်ငံတော်၀န်ကြီးချုပ် ညွှန်ကြားချက်နှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင်အလုပ်သမား၀န်ကြီး ၎င်းတို့ဌာနလက်အောက်ခံဖြစ်သော အလုပ်အကိုင်ဦးစီးဌာအလုပ်အကိုင် ရှာဖွေခန့်ထားရေးဌာန တို့အား Nakhon Pathom ခရိုင်အတွင်းရှိ နေရာဒေသသို့ တရားမဝင်အလုပ် လုပ်ကိုင်နေမှု တရားမ၀င် အလုပ်သမားငှားရမ်းအသုံးပြုမှုမှ ကာကွယ်တားဆီးရန်အတွက် နယ်မြေခံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ စစ် တပ်ဖွဲ့၀င်တို့နှင့်အတူ နိုင်ငံခြားသားအလုပ်သမားများကို အလုပ်ခန့်ထားမှု တို့အားစုံစမ်းစစ်ဆေးရန် COVID-19 ပြန့်ပွားမှုကိုကာကွယ်ရန်တရားမ၀င် နေထိုင်မှုကင်းရှင်းစေရန် တရားမ၀င်အလုပ် လုပ်ကိုင်မှုတို့မှ ကာကွယ်ရန် အတွက်မှာကြားရင်း ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Nakhon Pathom ခရိုင်ဘန်လေမြို့နယ် အတွင်းရှိ ပင်လယ်ရေထွက်ပစ္စည်းရောင်းသည့်ဈေးကြီးတွင် အလုပ် လုပ်ကိုင်ခွင့်ပါမစ်မရှိသူ နှင့် ထိုင်းနိုင်ငံတွင်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူ ၁၀ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းတို့ကြောင့်၎င်းတို့အားအမှုဖွင့်တရားစွဲဆို သွားမည်ဖြစ်သည်။
တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းအသုံးပြုခြင်း နေထိုင်ခွင့်ပေးခြင်း ကျူးလွန့်သည့်အလုပ်ရှင်သည် လက်ခံငှားရမ်းအသုံးပြုသည့် နိုင်ငံခြားသား တစ်ယောက်ခြင်းစီအလိုက် ဒဏ်ငွေ ၁၀,၀၀၀ – ၁၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ် ခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိသည်နှင့် နိုင်ငံခြားသား အလုပ်သမား ငှားရမ်းအသုံးပြုခြင်းကို ၃ နှစ် တိုင်တိုင် ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ခွင့်ပြုချက်မရှိဘဲအလုပ် လုပ်ကိုင်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ဘတ်ချမှတ်ခံရမည်ဖြစ်သလို သက်ဆိုင်သည့်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ပြီး အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လုပ်ကိုင်ခွင့်ကိုလည်း ၂ နှစ်တိုင်တိုင်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
နိုင်ငံခြားသားများကိုတရားမဝင် မှောင်ခိုတင်သွင်းနေသည်ဟုမြင်တွေ့ခြင်း သို့မဟုတ်သံသယရှိသူ မည်သူမဆို။ တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ဦးစီးဌာနရုံးများ အမှတ်စဉ်၁-၁၀ ထိ သော်လည်းကေင်း သို့မဟုတ် ခရိုင်ဒေသအလိုက်ရှိ အလုပ်အကိုင်ဦးစီးဌာနရုံးများ ကိုသော် လည်းကောင်း သို့မဟုတ်အလုပ်သမားဝန်ကြီးဌာန၏ hotline နံပါတ် ၁၅၀၆ ဘန်ကောက်အလုပ်အကိုင်ဦးစီးဌာနရုံးသို့ဖုန်းခေါ်ဆို၍ နံပါတ် ၂ ခေါ် သတင်းပေးပို့တိုင်ကြားနိုင်ပါသည်။