ကိုဗစ် -၁၉ ကူးစက်ခံထားရပြီး ကုသမှုခံယူသည့် ယာယီဆေးရုံတွင် ဆေးရုံတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် အသက်ရှုကြပ်သဖြင့် ကွားရတင်းဝင်သူများပါမကျန် အပြင်သို့ အစုအလိုက်ထွက်ချလာ။


ဖစ်ဘူရီခရိုင် ခေါင်ယွဲ့မြို့နယ် တွင်ရှိသော စက်ရုံတစ်ခုတွင် အလုပ်သမား၁၀၀၀ဦးခန့်ကိုဗစ်ကူးစက်ခံ ထားရပြီး ထိုအလုပ်သမားထဲတွင်အများစု မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး လူနာ ၅၀၀ ဦးကျော်တို့အား ယာယီဆေးရုံတွင်ထားရှိသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် အသက်ရှူရခက်သလို ပူအိုက်လွန်သဖြင့် မနေထိုင်တော့ပဲ ယာယီဆေးရုံအဖြစ် အသုံးပြုသည့် နေရာမှာ အပြင်ဘက်သို့ အစုလိုက်အပြုံလိုက်ထွက်ချလာခဲ့ကြသည်။

ခေါင်ယွဲ ရဲစခန်းနှင့် ဒေသခံ စစ်သားအပါဝင် ဖစ်ဘူရီခရိုင်အုပ်ချုပ်ရေးမှူး ပြည်သူ့ကျန်းမာရေးဌာန အရာရှိ ၅၀ ကျော်တို့  ထိုသို့ အစုလိုက်ထွက်လာသည့် လူနာ အုပ်စုကို ထိန်းချုပ်နိုင်ရန်အတွက် PPE ဝတ်စုံကိုအပြေးအလွှားဝတ်ဆင်ကာအခြေအနေကိုပုံမှန်ပြန်ဖြစ်အောင်အမြန်ဆုံး ထိန်းချုပ်နိုင်ရန် အတွက် အလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ရသည်။
မြန်မာအလုပ်သမားတွေကို ဂရုစိုက်မှုနည်းပါးခြင်းကြောင့် ဟုလည်းဆိုသူကဆိုကြသလို ဘယ်အချိန်မှာ ဘယ်လိုထပ်မံပြီး ဖြစ်ပွားဦးမလဲဆိုတာ မသိနိုင်ကြောင်း ထိုဒေသမှ အလုပ်သမားအချို့၏ FaceBook စာမျက်နှာမှာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ကိုဗစ္ -၁၉ ကူးစက္ခံထားရလို႔ ကုသမႈခံယူသည့္ ယာယီေဆး႐ုံတြင္ ေဆး႐ုံတြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ျခင္းေၾကာင့္ အသက္ရႈၾကပ္သျဖင့္ ကြားရတင္းဝင္သူမ်ားပါမက်န္ အျပင္သို႔ အစုအလိုက္ထြက္ခ်လာ။

ဖစ္ဘူရီခ႐ိုင္ ေခါင္ယြဲ႕ၿမိဳ႕နယ္ တြင္ရွိေသာ စက္႐ုံတစ္ခုတြင္ အလုပ္သမား၁၀၀၀ဦးခန႔္ကိုဗစ္ကူးစက္ခံ ထားရၿပီး ထိုအလုပ္သမားထဲတြင္အမ်ားစု ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ျဖစ္ၾကၿပီး လူနာ ၅၀၀ ဦးေက်ာ္တို႔အား ယာယီေဆး႐ုံတြင္ထားရွိသည္။
ၿပီးခဲ့သည့္ ေမလ ၂၇ ရက္ေန႔ ညေန ၆ နာရီအခ်ိန္တြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ျခင္းေၾကာင့္ အသက္ရႉရခက္သလို ပူအိုက္လြန္သျဖင့္ မေနထိုင္ေတာ့ပဲ ယာယီေဆး႐ုံအျဖစ္ အသုံးျပဳသည့္ ေနရာမွာ အျပင္ဘက္သို႔ အစုလိုက္အၿပဳံလိုက္ထြက္ခ်လာခဲ့ၾကသည္။
ေခါင္ယြဲ ရဲစခန္းႏွင့္ ေဒသခံ စစ္သားအပါဝင္ ဖစ္ဘူရီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ျပည္သူ႔က်န္းမာေရးဌာန အရာရွိ ၅၀ ေက်ာ္တို႔ ထိုသို႔ အစုလိုက္ထြက္လာသည့္ လူနာ အုပ္စုကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ PPE ဝတ္စုံကိုအေျပးအလႊားဝတ္ဆင္ကာအေျခအေနကိုပုံမွန္ျပန္ျဖစ္ေအာင္အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ရန္ အတြက္ အလုပ္သမားေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးညႇိႏႈိင္းခဲ့ရသည္။
ျမန္မာအလုပ္သမားေတြကို ဂ႐ုစိုက္မႈနည္းပါးျခင္းေၾကာင့္ ဟုလည္းဆိုသူကဆိုၾကသလို ဘယ္အခ်ိန္မွာ ဘယ္လိုထပ္မံၿပီး ျဖစ္ပြားဦးမလဲဆိုတာ မသိႏိုင္ေၾကာင္း ထိုေဒသမွ အလုပ္သမားအခ်ိဳ႕၏ FaceBook စာမ်က္ႏွာမွာေဖာ္ျပထားသည္ကို ေတြ႕ရွိရပါသည္။

Leave a comment