ကနေဒါနိုင်ငံ သို့ပြောင်းရွှေ့နေထိုင်နိုင်မည့်အခွင့်အရေး (FSW)


DV နဲ့အမေရိကန်ပြည်ထောင်စု ကိုပြောင်းရွှေ့နေထိုင်နိုင်တဲ့ အကြောင်းကိုတော့မသိသူရှားပါတယ်။ ကနေဒါကလည်း လူအင်အားလိုအပ်တဲ့နိုင်ငံ တစ်ခုဖြစ်တဲ့အတွက် နှစ်စဥ် သိန်းချီပြီး ပီအာ ခေါ်အမြဲတမ်းနေထိုင်ခွင့်တွေကို နိုင်ငံစုံက နိုင်ငံသားတွေကိုပေးပါတယ်။ DV နဲ့စာရင် လူသိနည်းနိုင်မယ်ထင်လို့ မျှဝေပေးတာပါ။

ပီအာလျှောက်နိုင်တဲ့နည်းတစ်မျိုးက Federal Skilled Worker Program (Express Entry) လို့ခေါ်ပါတယ်။ ကျွမ်းကျင်သောအလုပ်သမား အနေဖြင့် ပြောင်းရွှေ့နေထိုင်ရန်လျှောက်နိုင်တဲ့အစီအစဥ်ပါ။ ၃ မိနစ်အကျဥ်းချုပ် video ကိုကြည့်နိုင်ပါတယ် https://www.youtube.com/watch?v=XFoIfavHe7U

DV က ပေါက်လျှင် ပီအာလျှောက်နိုင်တာဖြစ်ပြီး FSW ကတော့ အမှတ်ပြည့်လျှင် ပီအာလျှောက်ရန် ကမ်းလှမ်းခံရနိုင်တာဖြစ်ပါတယ်။ လက်ရှိသတ်မှတ်ထားတဲ့အမှတ်က ၁၀၀ မှာ ၆၇ မှတ်ပါ။

အမှတ်တွက်ရင်ကြည့်တဲ့အချက်တွေကတော့ ဘာသာစကား၊ ပညာအရည်အချင်း၊ အလုပ်အကိုင်အတွေ့အကြုံ၊ အသက်၊ ကနေဒါနိုင်ငံတွင် အလုပ်စီစဥ်ထားမှု၊ နှင့် လိုက်ရောညီထွေနေနိုင်မှု တို့ဖြစ်ပါတယ်။

🍁(၁) ဘာသာစကား (အများဆုံးရနိုင်သောအမှတ် = ၂၈ မှတ်)
IELTS (GT ပါ၊ AC မရပါ) ရဲ့module တိုင်းမှာ အနည်းဆုံး 6.0 ရရပါမယ်။ အဲဒါဆို ဘာသာစကားအတွက် ၁၆ မှတ် ရပါမယ်။ IELTS အမှတ်များရင်များသလို အင်္ဂလိပ် ဘာသာစကားအတွက် အများဆုံး ၂၄ မှတ်အထိရနိုင်ပြီး ပြင်သစ်ဘာသာစကားတတ်ရင်လည်း နောက်ထပ် ၄ မှတ်၊ စုစုပေါင်း ၂၈ မှတ် ရနိုင်ပါတယ်။ အမှတ်တွက်နည်းကို comment မှာတင်ထားပါတယ်။

🍁(၂) ပညာအရည်အချင်း (အများဆုံးရနိုင်သောအမှတ် = ၂၅ မှတ်)
ကနေဒါပညာရေးစနစ်နဲ့ ညီမျှတဲ့အထက်တန်းအောင်အဆင့် အနည်းဆုံးရှိရပါမယ်။ ဒါဆိုရင် ၅ မှတ်။ ၂နှစ်ကောလိပ်ဆို ၁၉ မှတ်၊ ၃နှစ်ဆို ၂၁၊ မဟာဘွဲ့ဆို၂၃၊ ပါရဂူဘွဲ့ဆို ၂၅ စသဖြင့်ပါ။ ဒီလင့်ခ် https://applications.wes.org/ca/degree-equivalency-tool/ မှာကိုယ့်ရဲ့ ပညာအရည်အချင်းကိုထည့်ပြီး ကနေဒါပညာရေးစနစ်နဲ့ ညီမျှမှုကို ခန့်မှန်းကြည့်လို့ရပါတယ်။ ဒါကမှန်းရုံသုံးတဲ့အခမဲ့ link ဖြစ်ပါတယ်။

တကယ်ဘွဲ့လက်မှတ်ကိုသုံးတော့မယ်ဆိုရင်တော့ fees ပေးပြီး WES သို့မဟုတ် ICAS လိုမျိုးကစစ်ဆေးပေးမှအတည်ဖြစ်ပါတယ်။ အောင်လက်မှတ် နဲ့ အမှတ်စာရင်း တွေကို ကိုယ့်တက္ကသိုလ်ကနေ WES/ICAS ကို တိုက်ရိုက်ပို့ခိုင်းရတာပါ။ အဲဒီကစစ်ဆေးပြီး ညီမျှတဲ့ပညာအရည်အချင်း ဆိုပြီးထုတ်ပေးတာကိုမှသုံးလို့ရတာပါ။

🍁(၃) အလုပ်အကိုင်အတွေ့အကြုံ (အများဆုံးရနိုင်သောအမှတ် = ၁၅ မှတ်)
https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada/express-entry/eligibility/find-national-occupation-code.html#find (Filter items အကွက်ထဲမှာကိုယ့်အလုပ်ကိုရိုက်ထည့်ကြည့်ပါ) အဲဒီထဲက skill type/level 0, A, B အလုပ်တစ်မျိုးမျိုး(C နဲ့ D မရပါ) မှာအနည်းဆုံးလုပ်သက် ၁နှစ် (၁၅၆၀ နာရီ)ရှိရပါမယ်။ ၂နှစ်အတွင်း ၁၅၆၀ နာရီပြည့်လည်းရတယ်။ ဒါဆို ၉ မှတ်ရပါမယ်။ ၆နှစ်နှင့်အထက်ဆို ၁၅ မှတ် ရပါမယ်။

🍁(၄) အသက် (အများဆုံးရနိုင်သောအမှတ် = ၁၂ မှတ်)
၁၈-၃၅ ဆိုရင် ၁၂ မှတ် ရပါမယ်။ အသက်တစ်နှစ်ကြီးလေ တစ်မှတ်လျော့လေပါ။ အသက် ၃၆ ဆိုရင် ၁၁မှတ်၊ ၃၇ ဆို ၁၀မှတ်၊ ၃၈ ဆို ၉မှတ်စသဖြင့် ဖြစ်ပြီး ၄၇ နှင့်အထက်ဆိုရင်တော့ သုညမှတ် ပါ။ ၁၈ နှစ်အောက်လဲ သုည မှတ်ပါ။

🍁(၅) ကနေဒါနိုင်ငံတွင် အလုပ်စီစဥ်ထားမှု (အများဆုံးရနိုင်သောအမှတ် = ၁၀ မှတ်)
၁နှစ်တာအတွက် ကနေဒါနိုင်ငံမှ အလုပ်(အပေါ် လင့်ခ်ထဲက skill type/level 0, A, B အလုပ်တမျိုးမျိုး) ကမ်းလှမ်းခံထားရလျှင် ၁၀ မှတ်။

🍁(၆) လိုက်ရောညီထွေနေနိုင်မှု (အများဆုံးရနိုင်သောအမှတ် = ၁၀ မှတ်)
ဒီအချက်အတွက်ကဇနီး/ခင်ပွန်းရဲ့ဘာသာစကား(၅မှတ်)၊ ကနေဒါနိုင်ငံမှာစာသင်ယူခဲ့ခြင်း(၅မှတ်)၊ ဇနီး/ခင်ပွန်း၏ ကနေဒါနိုင်ငံမှာစာသင်ယူခဲ့ခြင်း(၅မှတ်)၊ ကနေဒါနိုင်ငံတွင်အလုပ်လုပ်ခဲ့ခြင်း (၁၀မှတ်)၊ ဇနီး/ခင်ပွန်း ကနေဒါနိုင်ငံတွင်အလုပ်လုပ်ခဲ့ခြင်း (၅မှတ်)၊ ကနေဒါတွင်ဆွေမျိုးရှိခြင်း (၅မှတ်) တို့မှရနိုင်ပါတယ်။

အနည်းဆုံးအမှတ် ၆၇ ပြည့်ဖို့ရာက ပထမ အဆင့်ပါ။ နောက်အဆင့်တွေရှိပါသေးတယ်။ အမှတ်ပြည့်ရင် FSW လျှောက်နိုင်ပြီး ပီအာလျှောက်ဖို့ အရွေးခံရနိုင်တဲ့အုပ်စု (pool)ထဲရောက်မှာဖြစ်ပါတယ်။ အဲဒီထဲရောက်ရင် CRS အမှတ် (အများဆုံးရနိုင်မှတ် ၁၂၀၀) အပေးခံရပါမယ်။ CRS အမှတ်က pool ထဲကသူတွေအားလုံးနဲ့ ကိုယ့်အဆင့်အခြေအနေကိုယှဉ်ကြည့်နိုင်တဲ့အမှတ်ပါ။ အဲဒီထဲကမှ အမှတ်အများဆုံးသူတွေကို ပီအာလျှောက်ဖို့ အဖိတ်ခံရမှာဖြစ်ပါတယ်။

ဒါကြောင့်အမှတ်များလေ အရွေးခံဖို့ အလားအလာ ပိုကောင်းလေပါ။ ၆၇ မှတ်ပြည့်ရုံပဲမမှန်းဘဲ ကိုယ့်အနေနဲ့အမြင့်ဆုံးရနိုင်တဲ့ အမှတ်ရအောင်ကြိုးစားပါ။

ဒီအချက်အလက်တွေကအခြေခံ အချက်အလက်တွေကို ဖတ်ရလွယ်အောင်အတိုရေးပေးထားခြင်းဖြစ်ပါတယ်။ အပြည့်အစုံမဟုတ်ပါ။ ပြောင်းရွှေ့နေထိုင်ရန် စရိတ်ရှိကြောင်းလည်းပြရန်လိုပါတယ် (တစ်ယောက်စာဆို ကနေဒါဒေါ်လာ ၁၂၉၆၀၊ နှစ်ယောက်စာဆို ၁၆၁၃၅ စသဖြင့်ပါ)။ အသေးစိတ်ကိုတော့ https://www.canada.ca/en/immigration-refugees-citizenship/services/immigrate-canada/express-entry/eligibility/federal-skilled-workers.html မှာဖတ်ပါ။

အကောင့်ဖွင့်ရင်လည်းဒီ မှာပဲဖွင့်ရမှာဖြစ်ပြီး လျှောက်လွှာတင်လဲ အဲဒီမှာပဲတင်ရမှာပါ။ လျှောက်လွှာစဖြည့်ပြီး ရက် ၆၀ အတွင်းမတင် ဖြစ်ရင် လျှောက်လွှာက အဖျက်ခံရပြီး အသစ်ပြန်ဖြည့်ရပါတယ်။ ဘာ အေးဂျင့်၊ ပွဲစားမှ မလိုပါဘူး။ ဒီ link မှာအကုန်အပြည့်အစုံပါပြီးသားပါ။ နားလည်ရခက်ရင် အကြိမ်ကြိမ်ဖတ်ပါ။ နားလည်တဲ့သူကိုဖတ်ခိုင်းပါ။ YouTube မှာလည်း video တွေအများကြီးပါ Canada Federal Skilled Worker Program လို့ရိုက်လိုက်ရင်။ လေ့လာပါ။

တစ်ရက်ထဲအပြီးလုပ်ရတဲ့ အလုပ်မဟုတ်ပါဘူး၊ လနဲ့ချီအချိန်ယူရပါတယ်။ သေချာလေ့လာပြင်ဆင်ပါ။ IELTS GT အရင်ဖြေပါ။ IELTS အတွက်ပြင်ဆင်နေစဉ်မှာ FSW အတွက်လိုအပ်တာတွေ၊ စာရွက်စာတမ်းတွေ ကိုသေချာ လေ့လာပြင်ဆင်ပါ။ အမှတ်ပြည့်ပြီးအဆင်သင့်ဖြင့်ပြီဆိုရင် အကောင့်ဖွင့်ပြီး FSW လျှောက်ပါ။ အရွေးခံရရင် ပီအာ ဗီဇာလျှောက်ပါ။

ရှုပ်တယ်၊ခက်တယ် လို့ထင်ရင်လွယ်လွယ်နဲ့တော့ဘာမှမရဘူးပဲ။ နှစ်စဥ်သိန်းချီတဲ့သူတွေ ပြောင်းရွှေ့ကြတယ် ဆိုတော့ အခွင့်အရေးကတော့ ရှိတာပဲ။၂၀၂၀ မှာ ကနေဒါနိုင်ငံရဲ့ပီအာကို ရတဲ့အများဆုံးနိုင်ငံသား တွေကအစဥ်လိုက် အန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ အမေရိကန်ပြည်ထောင်စု၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်နိုင်ငံ များမှဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားများလည်းသွားနိုင်ဖို့အခွင့်အလမ်းတစ်ခုအဖြစ် မျှဝေပါတယ်။ Credit မလို share နိုင်ပါတယ်။

စာကြွင်း။ ။ကျွန်မလိုက်လုပ်ပေးတာမဟုတ်ပါ။ အခွင့်အရေးရှိကြောင်းမျှဝေခြင်းသက်သက်ပါ။ ကိုယ်တိုင်လေ့လာ ပြီးလျှောက်ရမှာဖြစ်ပါတယ်။ https://m.facebook.com/story.php?story_fbid=4490871390956898&id=100001022446967

Leave a comment