တာချီလိတ်ဘက်သို့ပို့ဆောင်မည့် လက်နက်မျိုးစုံ ၂၇ လက်နှင့်အတူကျည်ဆန်မျိုးစုံ ထိုင်းဘက်တွင်ဖမ်းဆီးရမိ

မေလ ၂၇ ရက်နေ့ မနက် ၁၀:၁၀ ချိန်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်းရပ်ကွက် အမှတ် ၁၃ စည်ပင်သာယာလမ်းမဘေးတွင် ငွေမှင်ရောင် တိုယိုတာ Pickup ကား ယာဉ်အမှတ် ၆၉၀၃ ပေါ်မှ မင်္သကာစရာပစ္စည်းအထုတ်အပိုးများအား အံစာတုံးယာဉ်အမှတ် ၃၄၁ ပေါ်သို့ ရွှေ့ပြောင်းသယ်ယူနေသည်ကို
ထိုင်းအကောက်ခွန်အဖွဲ့မှသတင်းအရ သွားရောက်စစ်ဆေးရာ လက်နက်ခဲယမ်းများတင်ဆောင်လာသည်ကိုစစ်ဆေးတွေ့ရှိခဲ့ ။
အဆိုပါ လက်နက်မျိုးစုံတွင် လက်နက်အတိုမျိုးစုံ ၁၃ လက် ၊ မောင်းပြန်ရိုင်ဖယ်အရှည်မျိုးစုံ ၁၄ လက် ပေါင်း ၂၇ လက်နှင့် ၄င်းကျည်မျိုးစုံ ၄၆၃၇၅ တောင့် ၊ ကာလတန်ဘိုး ဘတ် ၄ သန်းနီးပါးတို့ကို မြန်မာနိုင်ငံသားယာဉ်မောင်း ကျော်ဖြိုးနှင့်ထိုင်းနိုင်ငံသူ နန်းကျန်း နမ်းဝုန်းတို့နှစ်ဦးအားဖမ်းဆီးခဲ့သည် ။

ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ ထိုလက်နက်ခဲယမ်းများကို မြန်မာဘက်ခြမ်း တာချီလိတ်ဘက်သို့သယ်ယူရွှေ့ပို့ဆောင်ရန်ဖြစ်ကြောင်းနှင့်အသေးစိတ်အချက်အလက်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းအကောက်ခွန်ဌာနမှအရာရှိတစ်ဦးမှပြောကြားသည် ။

Photo #Credit

#SiThuMaung #จับอาวุธสงคราม #แม่สาย #လက်နက်များဖမ်းဆီးရမိ

Leave a comment