အလုပ်သမားဝန်ကြီး Mr. Suchart Chomklin မှ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ကူးစက်မှုမြင့်မား ခြင်းကြောင့် တရားမဝင် နေထိုင်သော နိုင်ငံခြားသားများနှင့် တရားမဝင် အလုပ်သမား အသုံးပြု နေသော လုပ်ငန်းရှင်များ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူရန် သက်ဆိုင်ရာဌာနများ အား ညွှန်ကြားထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်ဒေသအလိုက် ရပ်ကွက်နယ်မြေအသီးသီးသို့ ကွင်းဆင်းကာ စစ်ဆေးမှှုပြုလုပ်ရန်တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများနှင့် တရားမဝင်နိုင်ငံခြားသားများ အသုံးပြုသည့် အလုပ်ရှင်များကိုစုံစမ်းစစ်ဆေးကာ ပြစ်မှုထင်ရှားပါကထိရောက်စွာ ဖမ်းဆီးအရေး ယူရန်၊ အရေးယူမှုမပြုပဲလျစ်လျူရှုပါက အစိုးရဝန်ထမ်း စည်းကမ်းချိုးဖောက်သည်ဟုမှတ်ယူပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးနည်း အက်ဥပဒေ ဖြင့် ပြစ်ဒဏ်များလည်းကျခံရမည်ဖြစ်သည်။
ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှှု အလုပ်သမားငှားရမ်းမှှု ပြောင်းရွှေ့သွားလာမှှု ထိန်းချုပ်ထားသည့်ကာလဖြစ်ခြင်းကြောင့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းအသုံးပြုခြင်း အလုပ်သမားအခွင့်အရေးချိုးဖေါက်ခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းများ ရှိနေခြင်းကြောင့် ပစ်မှုကျူးလွန်သည့် အလုပ်ရှင် ကိုမဆို ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားကိုအလုပ်လုပ်ကိုင်ခွင့်ပြုခြင်းကြောင့် လက်ခံငှားရမ်းအသုံးပြုသည့် နိုင်ငံခြားသား တစ်ယောက်ခြင်းစီအလိုက် ဒဏ်ငွေ ၁၀,၀၀၀ – ၁၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ် ခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိသည်နှင့် နိုင်ငံခြားသား အလုပ်သမား ငှားရမ်းအသုံးပြုခြင်းကို ၃ နှစ် တိုင်တိုင် ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ခွင့်ပြုချက်မရှိဘဲအလုပ် လုပ်ကိုင်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ဘတ်ချမှတ်ခံရမည်ဖြစ်သလို သက်ဆိုင်သည့်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ပြီး အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လုပ်ကိုင်ခွင့်ကိုလည်း ၂ နှစ်တိုင်တိုင်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
နိုင်ငံခြားသားများကိုတရားမဝင် မှောင်ခိုတင်သွင်းနေသည်ဟုမြင်တွေ့ခြင်း သို့မဟုတ်သံသယရှိသူ မည်သူမဆို။ တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ဦးစီးဌာနရုံးများ အမှတ်စဉ်၁-၁၀ ထိ သော်လည်းကေင်း သို့မဟုတ် ခရိုင်ဒေသအလိုက်ရှိ အလုပ်အကိုင်ဦးစီးဌာနရုံးများ ကိုသော်လည်းကောင်း သ့ို့မဟုတ်အလုပ်သမားဝန်ကြီးဌာန၏ hotline နံပါတ် ၁၅၀၆ ဘန်ကောက်အလုပ်အကိုင်ဦးစီးဌာနရုံးသို့ဖုန်းခေါ်ဆို၍ နံပါတ် ၂ ခေါ် သတင်းပေးပို့တိုင်ကြားနိုင်ပါသည်။
တရားမဝင်အလုပ်သမား အသုံးပြုခြင်း တရားမဝင်နေထိုင်ခြင်းများစုံစမ်းစစ်ဆေးအရေးယူရန်ထုတ်ပြန်ကြေညာ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်ဒေသအလိုက် ရပ်ကွက်နယ်မြေအသီးသီးသို့ ကွင်းဆင်းကာ စစ်ဆေးမှုပြုလုပ်ရန်တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများနှင့် တရားမဝင်နိုင်ငံခြားသားများ အသုံးပြုသည့် အလုပ်ရှင်များကိုစုံစမ်းစစ်ဆေးကာ ပြစ်မှုထင်ရှားပါကထိရောက်စွာ ဖမ်းဆီးအရေး ယူရန်၊ အရေးယူမှုမပြုပဲလျစ်လျူရှုပါက အစိုးရဝန်ထမ်း စည်းကမ်းချိုးဖောက်သည်ဟုမှတ်ယူပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးနည်း အက်ဥပဒေ ဖြင့် ပြစ်ဒဏ်များလည်းကျခံရမည်ဖြစ်သည်။
ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှု အလုပ်သမားငှားရမ်းမှု ပြောင်းရွှေ့သွားလာမှု ထိန်းချုပ်ထားသည့်ကာလဖြစ်ခြင်းကြောင့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းအသုံးပြုခြင်း အလုပ်သမားအခွင့်အရေးချိုးဖေါက်ခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းများ ရှိနေခြင်းကြောင့် ပစ်မှုကျူးလွန်သည့် အလုပ်ရှင် ကိုမဆို ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားကိုအလုပ်လုပ်ကိုင်ခွင့်ပြုခြင်းကြောင့် လက်ခံငှားရမ်းအသုံးပြုသည့် နိုင်ငံခြားသား တစ်ယောက်ခြင်းစီအလိုက် ဒဏ်ငွေ ၁၀,၀၀၀ – ၁၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ် ခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ကျူးလွန်ကြောင်းစစ်ဆေးတွေ့ရှိသည်နှင့် နိုင်ငံခြားသား အလုပ်သမား ငှားရမ်းအသုံးပြုခြင်းကို ၃ နှစ် တိုင်တိုင် ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။