မဲ့ဆောက် – မြဝတီ အမှတ် (2)တံတားလည်းပိတ်ပါတော့မယ်


ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်မြို့ ရှိ ထိုင်း မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ သည်လည်း ကိုဗစ်ကာလတစ်လျှောက်လုံး အကြောင်းအမျိုးအမျိုးနှင့် မိခင်တိုင်းပြည်သို့ ပြန်လည်ဝင်ရောက်လာကြသူများကို မြန်မာသံရုံး မဲဆောက်သံအရာရှိ တို့မှ နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းပြီး အမှတ် ၂ တံတား အဝင်တွင် ပြည်တော်ပြန်ကြိုဆိုရေးခန်းဖွင့်လှစ်ကာ ထိုင်းနိုင်ငံ အနယ်နယ်အရပ်အရမှ မြန်မာနိုင်ငံသို့ ပြန်လာမည်သူများကို လက်ခံခဲ့ပေးခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြှင့်ခဲ့ပြီဖြစ်သည်။

မေလ ၂၅ ရက်နေ့ ၂၀၂၁ နောက်ဆုံးနေ့အဖြစ်သာလက်ခံခဲ့ပြီး နောက် နောင်ပြန်လည်ဝင်ရောက်လာကြသူများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးထောက်ခံစာရမှသာပြန်ခွင့်ပြုပါတော့မည် ထိုင်းနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှု့ အခြေအနေများကြောင့် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးမှ မဲဆောက်မြို့ ထိုင်းမြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားထိပ်သို့ပြန်မည့်အလုပ်သမားများအနေဖြင့် ခိုင်လုံသည့် အကြောင်းပြချက်များနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ပွဲစားစကား များကိုယုံကြည်ပြီ ပြန်လာကြသောအခါ နယ်မြေဖြတ်ကျော်ခွင့် မရှိသည်အတွက်ထိရောက်စွာအရေးယူမည့်အပြင် ဒုက္ခရောက်နိုင်သည်အတွက် သံရုံးကြီးထောက်ခံစာတောင်းပြီးမှသာပြန်ခွင့်ရပါတော့မည်။
ဖြစ်ပါသောကြောင့် ထိုင်းနိုင်ငံမှလက်ရှိအလုပ်လုပ်ကိုင်နေသောညီကိုမောင်နှမများ သံရုံးကြီးထောက်ခံစာတောင်းရမှသာပြန်လာကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ထိုင်းသတင်းတစ်ခုမှာတော့ မြန်မာပြည်ကဘဏ်တွင်သိမ်းထားရန် မလုံခြုံတော့သဖြင့် ထိုင်းဘက်ခြမ်းသို့လာရောက်အပ်နှံသည့်မြန်မာနိုင်ငံသားထံမှ ထိုင်းဘတ်ငွေ ရွှေ ဖမ်းဆီးရမိဟု ဆိုထားသည်။

Credit..

Leave a comment