MOU ခေါ်ယူခွင့်မရှိသော အလုပ်ရှင်များအားအတွက် ဒဏ်ငွေ 400,000 သတ်မှတ်

အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဝန်ကြီးဌာန မှ ခွင့်ပြုထားသည့် နိုင်ငံခြား လုပ်သား 3 နိုင်ငံ ဖြစ်သော (ကမ္ဘောဒီးယား လာအို နှင့်မြန်မာ)တို့အား ခေါ်ယူရာတွင် ဥပဒေနှင့်အညီ သတ်မှတ်ထား သည့် MOU လမ်းစဉ်အတိုင်းမဟုတ်ပဲ မှားယွင်မှုပြုလုပ်သော အလုပ်ရှင်အား ဒဏ်ငွေ 400,000 ဘတ် ချမှတ်ခံရမည်ဖြစ်သည်။ ထို့အသစ်ချမှတ်သော အက်ဥပဒေအား ယခုနှစ် ဇွန်လမှစတင်ကျင့်သုံးမည်ဖြစ်သည်။

အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဝန်ကြီးဌာန ညွန်ကြားရေးမှုချုပ်မှ နိုင်ငံခြားသား အလုပ်သမား 3 နိုင်ငံသား တို့ကို ခေါ်ယူခွင့်ပြုချက်မရှိသော အလုပ်ရှင်များအား ဥပဒေချိုးဖေါက်သည့်အတွက်ကြောင့်
နိုင်ငံခြားသား အလုပ်သမား 3 နိုင်ငံသား (ကမ္ဘောဒီးယား လာအို နှင့် မြန်မာ) တို့ကို ခေါ်ယူလိုသော အလုပ်ရှင်များအား ခေါ်ယူခွင့်တင်ပြရမည်ဖြစ်ပြီး နှစ်ဖက်အစိုးရ၏နားလည်မှုစာချွန်လွှာ MoU ဖြင့် ဥပဒေနှင့်အညီခေါ်ယူရမည်ဖြစ်သည်။
ခေါ်ယူခွင့်ပြုရာမှာ နည်းလမ်း ၂သွယ်ဖြင့်ခွင့်ပြုထားပြီး 1 အလုပ်ရှင်ကိုယ်တိုင် ခေါ်ဆောင်ခြင်း
2 အလုပ်ရှင်ကိုယ်စားလှယ် ဖြစ်ပြီး အလုပ်ရှင်မှခေါ်ယူခွင့်ပြုထားကြောင်း လွှဲပြောင်းစာပါရှိရမည်၊
ပြည်နယ် နှင့်ခရိုင်အတွင်းရှိ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် တင်ပြတောင်းဆိုနိုင်သလို ဘန်ကောက်မြို့ တွင်းဆိုပါက သက်မှတ်ထားသည့် ဧရိယာ 1-10 အထိ
တင်ပြတောင်းဆိုနိုင်သည်။
အလုပ်ရှင်မှ အလုပ်သမားများ၏ စာရင်းများကိုသေချာစွာစစ်ဆေးရမည်ဖြစ်ပြီး 1 ပန်းရောင်ဘတ် သက်တမ်းမကုန်မီ 2 ခရမ်းရောင်ပတ်စ်ပို့ နှင့်ဗီဇာ Non Immigrant L-A သက်တမ်းမကုန်မီ ပြုလုပ်ရမည်ဖြစ်သည်
3 မည်သည့်စာရွက်စာတမ်းမျှမရှိခြင်းနှင့် သက်တမ်းကုန်ဆုံးသည့်အလုပ်သမားတို့အား အလုပ်ရှင်မှ ခေါ်ယူခွင့်ပြုလိမ့်မည်မဟုတ်ပါ။

2559 ခုနှစ်အထိ အလုပ်ရှင်များ၏ခေါ်ယူထားသည့် အလုပ်သမားများမှာ 351,833 ဦးနှင့်
2558 ခုနှစ်မှ အလုပ်ရှင်များ၏ခေါ်ယူထားသည့် အလုပ်သမားများစုစုပေါင်း 227,129 ဦး
တစ်ရာလျှင် 54.90 ခန့်ရှိပြီး ယခုနှစ် 2560 ပြီးခဲ့သည်ဧပြီလအထိ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသည့် MOU လုပ်သာပေါင်း 403,124 ထိရှိသဖြင့် အများဆုံးအလုပ် လုပ်ခွင့်လက်မှတ်ရယူထားသည်မှာ 1 အထွေထွေလုပ်ငန်း မှ 87,836 ဦး 2 ဆောက်လုပ်ရေးလုပ်ငန်း မှ 71,648 ဦး 3 စီးပွားရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းမှ 55,272 ဦး တို့ဖြစ်ကြသည်။

အသေးစိပ်စုံစမ်းရန် http://www.doe.go.th သို့ ဖုန်း 1694 ထံဆက်သွယ်နိုင်သည်။

Leave a comment