မည်သည့်အကြောင်းပြချက်မှ မခိုင်လုံဘဲ အလုပ်သမားများဖက်မှ မှားယွင်းချက်တစ်စုံတစ်ရာမရှိဘဲ အလုပ်ထုတ်ခံရပါ နစ်နာကြေးများကို လုပ်သက်အလိုက် ခံစားခွင့်ရှိသည်
၁။ အလုပ်ဝင်သည့်နေ့မှစတင်၍ တဆက်တည်း အနည်းဆုံး ရက်ပေါင်း(၁၂၀) လေးလ ရှိပြီး ၁ နှစ် မပြည့်သေးသော အလုပ်သမားများအတွက် ဥပဒေပြဌာန်းချက်အတိုင်း မိမိတို့၏ နောက်ဆုံးရရှိသော လုပ်အားခကြေး၏ ရက်ပေါင်း (၃၀) နှင့်ညီမျှသော နစ်နာကြေးများကို ခံစားခွင့်ရှိသည်။
၂။ လုပ်သက်အနည်းဆုံး ၁ နှစ် နှင့် ၃ နှစ်အတွင်း အလုပ်သမားများအတွက် အလုပ်ထုတ်ခံရပါက မိမိတို့၏ နောက်ဆုံးရရှိသော လုပ်အားခကြေး၏ ရက်ပေါင်း (၉၀) နှင့်ညီမျှသော နစ်နာကြေးများကို ခံစားခွင့်ရှိသည်။
၃။ လုပ်သက် ၃ နှစ်နှင့် ၆ နှစ်အတွင်း အလုပ်သမားများအတွက် အလုပ်ထုတ်ခံရပါက မိမိတို့၏ နောက်ဆုံးရရှိသော လုပ်အားခကြေး၏ ရက်ပေါင်း (၁၈၀) နှင့်ညီမျှသော နစ်နာကြေးများကို ခံစားခွင့်ရှိသည်။
၄။ လုပ်သက် ၆ နှစ်နှင့်၁၀ နှစ်အတွင်း အလုပ်သမားများအတွက် အလုပ်ထုတ်ခံရပါက မိမိတို့၏ နောက်ဆုံးရရှိသော လုပ်အားခကြေး၏ ရက်ပေါင်း (၂၄၀) နှင့်ညီမျှသော နစ်နာကြေးများကို ခံစားခွင့်ရှိသည်။
၅။ လုပ်သက် ၁၀ နှစ်နှင့်အထက် မည်မျှပင်ရှိစေကာမူ အလုပ်သမားတစ်ယောက် မှားယွင်းမှုမရှိဘဲ အလုပ်ထုတ်ခံရပါက နောက်ဆုံးရရှိသော လုပ်အားခကြေး၏ ရက်ပေါင်း (၃၀၀) နှင့်ညီမျှသော နစ်နာကြေးများကို ခံစားခွင့်ရှိသည်။
ရှင်းလင်းချက်။ ။
မိမိ၏နောက်ဆုံးလုပ်အားခ (လစာ)ဆိုသည်မှာ 2021 အထိ လုပ်ခဲ့သည်ဆိုပါစို့ လုပ်အားခမှာ တစ်နေ့လျှင် ၃၁၀-၃၃၀ ဘတ်ဆိုခြင်းကြောင့် ထို ၃၁၀ ဘတ်ကို ရက်ပေါင်း ၃၀ နှင့်မြှောက်ရသည်။
ဥပမာ ၃၁၀ ×၃၀=၉၃၀၀ ဘတ် ဥပမာ ၃၁၅ ×၃၀=၉၄၅၀ ဥပမာ ၃၃၀ ×၃၀=၉၉၀၀ ဖြစ်သည်။
