ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် မဲ့ကျန်းမြို့ အဝေးပြေးလမ်းမပေါ်တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးခံထားရတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးထဲတွင် သရုပ်ဆောင်မော်ဒယ် သက်ထားစုစံ ပါ ပါဝင်ကြောင်း သိရှိရ ။
ပြီးခဲ့တဲ့ ဧပြီလ၂၄ ရက်နေ့က ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ကြေညာခံထားရသော သရုပ်ဆောင် သက်ထားစုစံ သည် မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်ယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောမှာတော့ သက်ထားစုစံအား မဲ့ကျန်းမြို့တွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းမပြုရန် ထိုင်းအာဏာပိုင်များထံသို့ UN အဖွဲ့အစည်းမှချိတ်ဆက်လာကာ ကူညီမှုများပေးသွားမှာဖြစ်တယ်လို့ ထိုင်းသတင်းထောက်များထံမှ ကနဦးသတင်း ရရှိပါသည် ။ crd

