ကလေးအလုပ်သမား


1 အလုပ်ရှင်သည် အသက် 15 နှစ်အောက်ကလေးများကို အလုပ်သမားအဖြစ် ငှားရမ်းခြင်း ခန့်အပ်အသုံးပြုခြင်း မပြုလုပ်ရ။
2 အသက် 18 နှစ်အောက်ကလေးအလုပ်သမားကို ငှားရမ်းလိုသောအလုပ်ရှင်သည် အလုပ်သမားအုပ်ချုပ်ရေးရုံးနှင့် အလုပ်သမားလူမှုဖူလုံရေးရုံးတွင် ငှားရမ်းလိုသောအလုပ်သမားစတင် အလုပ်လုပ်သည့်ရက်မှ 15 ရက်အတွင်း သွားရောက်၍ အကြောင်းကြားရမည်။ အလုပ်သမားခန့်အပ်ခြင်းပုံစံ ခန့်အပ်ခြင်းသက်တမ်းများကို 7 ရက်အတွင်း အလုပ်သမားစစ်ဆေးမှု အရာရှိထံ အကြောင်းကြားရမည် အလုပ်ခွင်တွင် 4 နာရီဆက်တိုက် အလုပ် လုပ်ပြီးတိုင်းအနည်းဆုံး 1 နာရီကို ကလေးအလုပ်သမားအား နားခွင့်ပေးရမည် အဆိုပါ 4 နာရီအတွင်းသည်လည်း အလုပ်ရှင်သတ်မှတ်ချက်အတိုင်းအလုပ်နားခွင့်ရှိရမည်။
3 အသက် 18 အောက် ကလေးအလုပ်သမားအား ည 22.00 (ည10နာရီ)မှ နံနက် 06.00 အတွင်းအလုပ် မခိုင်းစေရ ကလေးအလုပ်သမားကိုငှားရမ်းခိုင်းစေရာတွင် ညွန်ကြားရေးမှုး (သို့) ညွန်းကြားရေးမှုး၏ ကိုယ်စားထံ စာခွင့်ပြုချက်ဖြင့်သာ ငှားရမ်းပိုင်ခွင့်ရှိသည်။
4 အသက် 18 နှစ်အောက် ကလေးအား အချိန်ပို အလုပ် လုပ်စေခြင်း (သို့)အားလပ်ရက် အလုပ်လုပ်စေခြင်းများမခိုင်းစေရ။
5 အလုပ်ရှင်သည် အသက် 18 နှစ်အောက်ကလေးအား အောက်ပါအလုပ်များကိုစေခိုင်ခြင်းမပြုလုပ်ရပါ။
(က) အပူပေးသည့် လုပ်ငန်းများ(သံထည်ပစ္စည်းများ)
(ခ) လေမှုတ်သည့်လုပ်ငန်းများ
(ဂ) ရွှေရည် ငွေရည်စိမ်သည့်လုပ်ငန်းများ
(ဃ) တံဆိပ်ရိုက်လုပ်ငန်း (သံထည်အမာထည်များ)
(င) အပူကိုအသုံးပြု၍ လုပ်ကိုင်ရသောအလုပ်များ
(စ) အေးလွန်းသော အလုပ်အကိုင်များ
(ဆ) အသံဆူညံလွန်းသော လုပ်ငန်းများ
(ဇ) တုန်လှုပ်ချောက်ခြားမှုကိုဖြစ်စေသည့် လုပ်ငန်းများ
(ဈ) ဓါတုပစ္စည်းများ အသုံးပြု၍ လုပ်ကိုင်ရသည့်လုပ်ငန်းများ
သားသတ်ရုံ နှင့် လောင်းကစားဝိုင်း
ကပွဲရုံနှင့် အရက် ဘားဆိုင်များ
စိတ်ဓါတ်ပိုငဒဆိုင်ရာ အကျင့်စရိုက်ပျက်ပြားစေသည့် လုပ်ငန်းများ
ဝန်ကြီးဌာနစည်းမျည်းစည်းကမ်းထဲ တွင်ဖေါ်ပြထားသော အခြားသောနေရာများ
အစရှိသည်တို့ကို မစေခိုင်းရပါ။
6 အလုပ်ရှင်သည် 18 နှစ်အောက်ကလေးလုပ်အလုပ်သမား၏ လုပ်အားခကို အလုပ်လုပ်သည့်ကလေးမှလွဲ၍ အခြားသူများအားလွှဲပေးခြင်းထုတ်ပေးခြင်းမပြုလုပ်ရ။(ထုတ်ပေးပိုင်ခွင့်လည်းမရှိပါ)
8 အလုပ်ရှင်သည် အသက် 18 နှစ်အောက်ကလေး အလုပ်သမားအတွက် ပညာရေးသို့မဟုတ် အစိုးရ (သို့) အခြားသော ပညာရေးပိုင်းဆိုင်ရာ သင်ကြားခွင့် ရှိသဖြင့် တက်ရောက်လိုပါက သင်ကြားခွင့်ရှိသည်
ကလေးအလုပ်သမားသည်လည်း အလုပ်ရှင်အား ကြိုတင်အကြောင်းကြားရန်နှင့် အလုပ်ရှင်မှ အလုပ်သမားခွင့်ယူထားသည့်ရက်များအတွက် တစ်နှစ်လျှင် အနည်းဆုံးရက်ပေါင်း (30)ထက်မနည်း လုပ်အားခပေးဆောင်ရမည်။

Leave a comment