ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင် (ဝပ်နောင်စွန်း) ရပ်ကွက်ရှိ အလုပ်ရုံတွင် ထိုင်း+မြန်မာကိုအလုပ်သမား ၁၀၀၀ ကိုဗစ်၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင် (ဝပ်နောင်စွန်း) ရပ်ကွက်ရှိ အလုပ်ရုံတွင် ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားကို ကိုဗစ်၁၉ ကူးစက်ခံနေရတဲ့ စက်ရုံအလုပ်သမား ၂၁၁၁ ဦးရှိနေပြီဖြစ်ပါတယ်။ ဒါကဒီကနေ့ နောက်ဆုံးရအချက်အလက်ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံသား ၇၈၁ ဦးနဲ့ မြန်မာလုပ်သား ၁၃၃၀ ဦးအထိရှိလာပြီး စက်ရုံကိုယာယီပိတ်ထားရပါတယ်။ ပိုးတွေ့အတည်ပြုတဲ့ လူတွေကိုတော့ စက်ရုံအတွင်းမှာနေရာထိုင်ခင်းပြုလုပ်ပြီး နေခိုင်းထားပါတယ်။ ၎င်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁ သောင်းဝန်းကျင်ကို အိမ်မှာနေခိုင်းထားပြီး အစားအသောက်တွေကို စက်ရုံက တစ်နေ့ ၃ ကြိမ်လိုက်ပို့ပေးပါတယ်။ လုပ်ခ လစာလဲ စက်ရုံက ပိတ်ရက်ကာလမှာ ထုတ်ပေးကြောင်း နယ်မြေခံများထံမှ သိရပါတယ်။
.
သတင်း- ကိုချစ် ဇွဲကပင်မြေ
မေလ ၂၃ ရက်နေ့ ၂၀၂၁
.
#mingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #Covid19TH

Leave a comment