လှေလုပ်သမားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေအနှစ်ချုပ်

1 အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးဥပဒေ ပုဒ်မ(၇၆) (ဖေါ်စော်-2541)ခုနှစ်အရ ခွင့်ပြုချက်မှအပ အလုပ်သမားများ၏ လုပ်အားခထဲမှ နှုတ်ယူခြင်းမပြုလုပ်ရ..။
2 အလုပ်သမားထံမှ အာမခံကြေးငွေတောင်းခံခြင်း ရယူခြင်းမပြုလုပ်ရ အလုပ်ရှင်သည် လုပ်သားထံမှ လုပ်ငန်းခွင်အာမခံကြေးငွေတောင်းခံခြင်းသို့မဟုတ် လုပ်ငန်းခွင်အတွင်းပျက်စီးဆုံးရှုံးမှုအတွက်အာမခံကြေးငွေ တောင်းခံခြင်းမျိုးမပြုလုပ်ရ။ သို့သော် အလုပ်အကိုင်အမျိုးအမည် သို့မဟုတ် လုပ်သားအမျိုးအမည် အလုပ်အကိုင် ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်းတောင်းခံပိုင်ခွင့်ရှိသည်.။(ဖေါ်စော်-2551 ခုနှစ် )
3 အလုပ်ရှင်သည် အသက်(18)နှစ်အောက်ရှိသူကို ရေလုပ်သားအဖြစ် အလုပ်ခန့်ထားခြင်းမပြုရ။
4 အလုပ်ရှင်သည် အနည်းဆုံးအခကြေးငွေနှုန်းထားအောက် မလျှော့သော လုပ်အားခကိုသာပေးချေရမည်။
5 လုပ်သားနားနေခွင့် ပေးရမည်။ တစ်ရက်အလုပ်ချိန်(၂၄)နာရီအတွက်(၁၀)နာရီအောက်မလျှော့သည့် လုပ်သားနားနေချိန်ပေးရမည်ဖြစ်သည်။
6 (၇)ရက်တစ်ပါတ် အတွက်လုပ်သားနားနေချိန်(၇၇)နာရီခံစားခွင့်ပေးရမည်။
7 အလုပ်ရှင် အလုပ်သမားအလုပ်ခန့်ထားငြခ်းသဘောတူစာချုပ်ရှိရမည်။ အလုပ်ရှင်အလုပ်သမားအလုပ်ခန့်ထားခြင်းသဘောတူစာချုပ် နှစ်စောင်ကိုချုပ်ဆိုရမည်ဖြစ်ပြီး ထိုစာချုပ်အချက်အလက်များကိုက်ညီရမည်။ အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးဘက်သည် တစ်စုံစီ လက်ဝယ်ကိုင်ဆောင်ထားရမည်။
8 လုပ်သားများ သတင်းပို့နိုင်ရန်စီစဉ်ပေးရမည် အလုပ်သမားခန့်ထားသည့်အချိန်မှစ၍ လုပ်သားများကိုယ်တိုင်တစ်နှစ်တစ်ကြမ် အလုပ်သမားစစ်ဆေးသည့် သက်ဆိုင်ရာအစိုးရဝန်ထမ်းနှင့်လာရောက်တွေ့ဆုံခြင်း(သတင်းပို့ခြင်း)ပြုလုပ်ရမည်။
9 အလုပ်သမား10 ဦးနှင့်အထက် အလုပ်ခန့်ထားရှိသည့် အလုပ်ရှင်သည် လုပ်သားမှတ်ပုံတင် စာရင်း ပြုစုထား ရှိရမည်။ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူမှ လာရောက်စစ်ဆေးချိန်တွင် ပြသနိုင်ရန် ထိုင်းဘာသာဖြင့် ရေးသား ထားသည့် လုပ်အားခ (လစာ) ထုတ်ပေးသည့်သက်သေခံဖြတ်ပိုင်း(ငွေကြေ ဘောက်ချာ) နှင့်နားရက်တွင် အချိန်ပိုလုပ်အားခ (လစာ)ထုတ်ပေးသည့် သက်သေခံဖြတ်ပိုင်း (ဘောက်ချာ) ရှိရမည်။
10 လုပ်အားခငွေ နှင့် လုပ်သား၏ နားရက်အချိန်ပိုလုပ်ာအားခငွေ ပေးချေရမည်။ တစ်လတွင်(၁)ကြိမ်အထက် လုပ်သားအား လုပ်အားခငွေပေး ချေရမည်။ အမြတ်ငွေအား နှစ်ဦးနှစ်ဘက် သဘောတူထားသည့် အတိုင်း ပေး ချေနိုင်သည် ။ သို့သော် (၃)လတစ်ကြိမ်ထက်မကျော်စေရ ။ လုပ်အားခငွေပေးချေရန်ကတိအားပျက်ကွက်ပါက အလုပ်ရှင်မှ အလုပ်သမားအားတစ်နှစ်လျှင် (၁၅ %)အတိုးနှုန်းဖြင့်ပြန်လည်ပေးချေရမည်။
ထို့အပြင် အလုပ်ရှင်မှ လုပ်အားခငွေပေးချေရန်ပျက်ကွက်ကြောင်းထင်ရှားပါက ပေးချေရန်ကျန်ရှိသော လုပ်အားခငွေ၏ တစ်ရာလျှင်(၁၅%)အတိုးကို(၇)ရက်တစ်ကြိမ်လုပ်သားအားပေးချေရမည်။
11 လုပ်သားအား နှစ်စဉ် အလုပ်နားရက် ခံစားခွင့်ပေးရမည်.။ လုပ်သားများအတွက် နှစ်စဉ်အလုပ်ပိတ် ရက်အဖြစ် ရက်ပေါင်း(၃၀)ရက်ကိုအနည်းဆုံးအခကြေးငွေခံစားခွင့်ဖြင့်သတ်မှတ်ပေးရမည်။
12 လုပ်သား မနာမကျမ်းဖြစ်ခြင်းနှင့် နေထိုင်မကောင်းဖြစ်သည့်ရက်ပေါင်း အလုပ်မှနားနေခွင့်ပေးရမည်။ ထိုကဲ့သို့ကျမ်းမာရေးကြောင့် အလုပ်မှနားနေခွင့်အား တစ်နှစ်လျှင် ရက်ပေါင်း (၃၀) သတ်မှတ်ထားကာ ထိုနားရက်များအတွက် အလုပ်ရှင်မှ လုပ်သားအား လုပ်အားခငွေပေးချေရမည်။
13 အလုပ်ရှင်မှ လုပ်သားအား အစိုးရရမှသတ်မှတ်ထားသည့် တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ၏ တစ်ဝက်နှုန်း(၅၀%) နှုန်းထားဖြင့် ပေးချေရမည်။
အကယ်၍ အလုပ်ရှင်အတွက် အလုပ် လုပ်ကိုင်စဉ်တွင် တစ်ခြားနိုင်ငံသို့ရောက်ရှိ ကျန်ရှိခဲ့သည်ရှိသော် ဖေါ်ပြနှုန်းထားအတိုင်းတခြားနိုင်ငံတွင်ကျန်ရစ်သည့်ရက်ပေါင်းအတွက်ပေးချေရမည်။
14 အလုပ်ရှင်မှ လုပ်သားအား အလုပ်စတင်ခန့် အချိန်က ဒေသသို့ပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်ပေးခြင်း (သို့)မဟုတ် ပြန်လည်ပို့ဆောင်ရန် ကုန်ကျငွေအားတာဝန်ယူခြင်းပြုရမည်။
လှေမြုပ်ခြင်း၊လုပ်သားများဘေးအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့ရခြင်း ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းအခြေနေများတွင်တာဝန်ယူရမည်။
အကယ်၍တာဝန်ရှိအစိုးရဌာနမှ လုပ်သားများအား ပြန်လည်ပို့ဆောင်ရန်ဆောင်ရွက်ပါက ကျသင့်သည့်ကုန်ကျစာရိတ်အား အလုပ်ရှင်မှ ပြန်လည်ပေးချေရန် တောင်းဆိုပိုင်ခွင့်ရှိသည်။
15 လုပ်သားများအား လုပ်ငန်းခွင်အခြေနေနားလည်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးရမည် လှေလုပ်ငန်းခွင့်သုံး ပစ္စည်းကိရိယာများ အသုံးပြုပုံ ကျမ်းမာရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး လှေလုပ်ငန်းခွင် အခြေနေ ထို့အပြင်လှေလုပ်ငန်းခွင် အကြိုသင်တန်းအဖြစ် လှေလုပ်ငန်းခွင် အန္တရာယ်ကာကွယ်ရေး ပစ္စည်းကိရိယာများအသုံးပြုပုံပါဝင်သည်။

Leave a comment