သမိုင်းဝင်ခဲ့တဲ့ UN ညီလာခံက R2P ဆုံးဖြတ်ချက်

(၂၀/၅/၂၀၂၁)ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပေါ် စစ်လက်နက်နဲ့ နည်းပညာတွေရောင်းချတာမလုပ်ဖို့ တောင်းဆိုချက်ကို ဆွေးနွေးမဲခွဲဖို့ရှိခဲ့ပေမဲ့ အကန့်အသတ်မရှိရက်ရွှေ့ဆိုင်းခဲ့ရပါသည်။ ရွှေ့ဆိုင်းရခြင်းအဓိကအချက်ဟာ တရုတ်ကြောင့်လို့ပြောကြသလို အစ္စရေး ပါလက်စတိုင်းပြသနာကြောင့်လို ထင်ကြေးပေးတာတွေရှိခဲ့ပါတယ်။ တချို့ကလည်း လုံလောက်တဲ့ထောက်ခံမဲမရမှာစိုးလို့ရွှေ့ဆိုင်းတာလို့ခန့်မှန်းကြပါတယ်။ တကယ်ကတော့ အဲဒီထက်အရေးကြီးတဲ့ အဆိုနဲ့ တိုက်ဆိုင်နေခြင်းက အဓိက အချက်ပါပဲ။ အရေးကြီးတယ်ဆိုတဲ့အဆိုကတော့ ခရိုအေးရှားနိုင်ငံက တင်သွင်းတဲ့ ဒီကနေ့ မြန်မာပြည်သူတွေကြားရေပန်းစားနေတဲ့ R2P အဆိုပါ။ကုလသမဂ္ဂအထွေထွေညီလာခံမှာ R2P ကို အမြဲဆွေးနွေးနေရမဲ့ ခေါင်းစဉ်ထဲမှာ ထဲ့ဖို့။ အထွေထွေအတွင်းရေးမှူးချုပ်ကနေ နှစ်စဉ်ညီလာခံမှာ R2P အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံတွေကိုတင်ပြဖို့။ ကုလသမဂ္ဂမှာ R2P နဲ့ပတ်သက်လို့ စနစ်တကျဖွဲ့စည်းဆောင်ရွက်မဲ့ ယန္တယားထူထောင်ဖို့ စတာတွေပါဝင်တဲ့ R2P အဆိုကို ဥရောပသမဂ္ဂထောက်ခံမှူနဲ့ ခရိုအေးရှားနိုင်ငံကဦးဆောင်အဆိုတင်သွင်းခဲ့တာပါ။အဆိုကို ကျန်အဖွဲ့ဝင်နိုင်ငံတွေက (၂) ရက်ကြာဆွေးနွေးပြီး မဲခွဲရာမှာ ထောက်ခံမဲ (၁၁၅) မဲ ကန့်ကွက်မဲ (၁၅) မဲ ပျက်ကွက်မဲ (၂၈) မဲနဲ့ R2P ဆုံးဖြတ်ချက် (A/75/L.82) ကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံအများစုထောက်ခံမှုနဲ့ အတည်ပြိုနိုင်ခဲ့တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်လို့တင်စားကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်​ချိန်ကစပြီး R2P ဆိုတဲ့အသံဟာ မြန်မာမှာရော ကမ္ဘာမှာပါ ပွက်လောရိုက်နေခဲ့တာပါ။ ဒါပေမဲ့ ကုလသမ္မဂညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက R2P ခေါင်းစဉ်နဲ့ တရားဝင်ထဲ့သွင်းဆွေးနွေးဖို့ အဆင်မပြေခဲ့ပါဘူး။ တရားဝင်သဘောတူထားကြတဲ့ ဆွေးနွေးပွဲခေါင်းစဉ်မှာ မပါလို့ဖြစ်ပါတယ်။ အခုလို ခရိုအေးရှားရဲ့အဆိုကို သဘောတူဆုံးဖြတ်ပြီးပြီဖြစ်လို့ R2P ခေါင်းစဉ်နဲ့ဆွေးနွေးမှုတွေမကြာခင်ကြားရ မြင်ရဖို့တွေရှိလာပါပြီ။ ဒီအဆိုတင်သွင်းဆုံးဖြတ်နိုင်ဖို့ ညှိနိုင်းရတာကို (၂)လကြာအချိန်ယူခဲ့ရတယ်လို့ ခရိုအေးရှားကပြောထားပါတယ်။ အဆိုတစ်ခု တင်သွင်းဖို့နဲ့ ဆုံးဖြတ်ချက်ကျဖို့တောင် အချိန်ယူရတယ်ဆိုရင် လက်တွေ့ကိုင်တွယ်နိုင်ဖို့ဆိုရင် အချိန်တွေပိုယူကြရမယ်ဆိုတာ နားလည်နိုင်ကြမယ်ထင်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ R2P ဆုံးဖြတ်ချက်အမှတ် (A/75/L.82) ဟာ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းပြည်သူတွေရဲ့ အသက်သွေးချွေး ပေးဆပ်မှုတွေကနေ ထွက်ပေါ်လာတဲ့ရလာဒ်တစ်ခုလို့တောင်ပြောနိုင်ပါတယ်။ အရွေ့တွေရှိနေသမျှ အရှိန်အဟုန်တွေက နောက်က လိုက်ပါ ပေါ်လာရစမြဲပါပဲ။Burma News Network ZN.H 🇦🇺

Leave a comment