တရားမ၀င် ၀င်ရောက်လာသူများကို ထိုင်းအစိုးရမှ ဖမ်းဆီး

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သည့် နိုင်ငံခြားသား မြန်မာအလုပ်သမားများသည်။
ပြီးခဲ့သည့်သီတင်းပတ်နှင့် အခုရက်ပိုင်းအတွင်းလူပေါင်း ၁၁၆ ဦးတို့သည်ကန်ချနဘူရီခရိုင် နယ်စပ်မှတဆင့် တရားမ၀င်ခိုးဝင်သူများကိုထိုင်းအာဏာပိုင်များ၏ဖမ်းမိခြင်းကိုခံကြရသည်။
သူတို့ဟာခြေကျင်ခရီးဖြင့် ထားဝယ်မှလာကြသူများဖြစ်ကြသည်ဟုဝန်ခံပြောဆိုကြပါသည်။
၎င်းတို့ဟာ စာရိတ်အဖြစ် လူတစ်ဦးလျှင် ၁၃,၀၀၀ မှ ၂၀,၀၀၀ ဘတ်ပေးခဲ့ကြသည် ။
ထိုင်းအစိုးရကတော့အလုပ်ရှင်များကို သတိပေးသည့်အနေဖြင့် မူလရှိပြီးဥပဒေပြဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်အကြောင်းကို မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။
“ နိုင်ငံခြားသားများကိုအလုပ် လုပ်ကိုင်ခွင့်ပါမစ်မရှိပဲ အလုပ်သမားအဖြစ် လက်ခံထားသည့်အလုပ်ရှင်ကို ဒဏ်ငွေ 10,000-100,000ဘတ် လက်ခံထားသည့်နိုင်ငံခြားသားတစ် ဦး နှုံးဖြင့်ပေးဆောင်ရမည်ဖြစ်ကြောင်း ။
အကြိမ်ကြိမ်ခါခါ ထပ်မံကျူးလွန်ပါက ၁နှစ်မပိုသောထောင်ဒဏ်နှင့် နိုင်ငံခြားသားများကိုအလုပ်သမားအဖြစ် ၃ နှစ်ငှားရမ်းခွင့်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်
တရားမ၀င် ၀င်ရောက်လာသည့်နိုင်ငံခြားသားများသည်လည်းခွင့်ပြုချက်မရှိဘဲအလုပ် လုပ်ကိုင်ပါက ဒဏ်ငွေ ၅၀၀၀ မှ ၅၀,၀၀၀,၀၀၀ ဒဏ်ရိုက်ခံရပြီးနိုင်ငံတော်ပြင်ပသို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်သလို နောက်ထပ်အလုပ်သမားအဖြစ်နှင့် ထိုင်းနိုင်ငံသို့ ၀င်ရောက်လုပ်ကိုင်ခြင်းကို (၂) နှစ်အထိ ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။

Leave a comment