တရားမဝင် ရွှေ့ပြောင်းအရေး ဝန်ကြီးဆွေးနွေး

ထိုင်းမှာတော့ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါပြန့်ပွားမှုတွေကို ၂၀-၅-၂၁ ရက် မှာတော့ ဝန်ကြီးချုပ် ဗခက ပရ်ယွတ် ကျန်အိုချာ မှ ဦးစီးကာ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးကို ဝန်ကြီးများရုံးမှ VTC ပုံစံဖြင့် ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံအတွင်းသို့ အိမ်နီးခြင်းနိုင်ငံများမှ လူများ တရားမဝင်ခိုးဝင်ခြင်းကိစ္စအား သေချာ တင်းကြပ်စွာ ကိုင်တွယ်ကြရန်နှင့် ဤကိစ္စတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ အစိုးရအမှုထမ်းများ ပါဝင်ပါတ်သက်မှုရှိကြောင်းတွေ့ရှိခဲ့ပါက ပြတ်သားစွာ အရေးယူမှုပြုလုပ်မည် ဖြစ်ကြောင်း နှင့် ကိုဗစ်ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့်အတူ တရားမဝင်လုပ်ငန်းများ ပြုလုပ်နေသောသူများ နေရာများအား ရှင်းလင်းရမည် ဖြစ်ကာ ခိုးဝင်မှုများ လွယ်ကူမှုမရှိစေရန် အတားအဆီးများလည်း ထပ်မံှတိုးပြုလုပ်ရမည် ဖြစ်ကြောင်း စည်းဝေးပြောဆိုခဲ့ပါသည်။ ပြီးခဲ့သည့် ၃ လတာ ကာအတွင်းအချိန်တွင် တရားမဝင်ခိုးဝင်မှု ဖမ်းဆီးရရှိခဲ့ရာတွင် မြန်မာနိုင်ငံမှ ခိုးဝင်သူအများဆုံး ဖြစ်ကြောင်း ၂၀၂၀ ဒီဇင်ဘာလမှ ၂၀-၅-၂၁ အထိ ဖမ်းဆီးမှုပေါင်း ၂၁၂၂ ကြိမ်ရှိခဲ့ပြီး တရားမဝင် ခိုးဝင်သူ ၁၈၀၃၉ ယောက်ရှိကာ လူခိုးတင်သည့်ပွဲစား ၂၄၃ ယောက် မြန်မာနိုင်ငံသား ၈၀၁၀ ယောက် ၊ လာအိုနိုင်ငံသား ၁၃၄၅ ယောက် ၊ ကမ်ပူးချား နိုင်ငံသား ၅၉၇၇ ၊ မလေးရှား ၃၇ ယောက် ၊ ထိုင်းလူမျိုး ၁၈၅၁ နှင့် အခြား မသေချာသူ ၅၇၆ ယောက်ရှိခဲ့ကြောင်း ၊ နယ်စပ်တွင် ဖမ်းဆီးရမိသူ ၁၅၀၀၀ နှင့် အတွင်းပိုင်းတွင် ဖမ်းဆီးရရှိမိသူ ၃၉၀၀ ရှိခဲ့ကြောင်း ။
Fb #คนเกิด ราศีมิน

photo Fb #คนเกิด ราศีมิน

Leave a comment