မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်သော အစီအရင်ခံစာ

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်သော အစီအရင်ခံစာတစ်စောင်အား မည်သည့်ပါတီကိုမျှ ဘက်လိုက်မှုမရှိသည့် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ဖြစ်သော ရွေးကောက်ပွဲများစောင့်ကြည့်ရေးအာရှကွန်ရက်အဖွဲ့ (Asian Network for Free Elections) က မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ “အစီရင်ခံစာလေ့လာတွေ့ရှိချက်များအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်များသည် မြန်မာပြည်သူလူထု၏ဆန္ဒကိုကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုထင်ဟပ်နေသည့်အကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်ငြားလည်း မဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနတာဝန်ရှိသူများ၏ ပင်ပင်ပန်းပန်း ကြိုးပမ်းအားထုတ်မှုများကြောင့် လူပေါင်း ၂၇.၅ သန်းမဲပေးခဲ့ကြကြောင်း” အဆိုပါအဖွဲ့၏အမှူဆောင်ညွှန်ကြားရေးမှူး ဝါတလာကပြောကြားပါသည်။ အစီရင်ခံစာအပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့် https://tinyurl.com/mmelex2020EN တွင်ဖတ်ရှုနိုင်ပြီး မြန်မာဘာသာဖြင့် https://tinyurl.com/mmelex2020MM တွင်ဖတ်ရှုနိုင်ပါသည်။

A non-partisan international group, the Asian Network for Free Elections (ANFREL), issued a report regarding Myanmar’s 2020 elections on May 17. Executive Director Watala described the report findings, saying “the results of the 2020 general elections were, by and large, representative of the will of the people of Myanmar. Despite the raging COVID-19 pandemic, 27.5 million people voted thanks to the hard work of polling staff and election or health officials.” The full report is available here: https://tinyurl.com/mmelex2020EN.
Burmese Translation: https://tinyurl.com/mmelex2020MM