မဲဆောက်တွင် မြန်မာလုပ်သား ၂၈ ဦးကို လုပ်ခလစာပေးချေရန်ငြင်းဆိုသည့်
ထိုင်းအလုပ်ရှင် ၃ ဦးတရားစွဲခံရ
.
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့စိုင်လုတ်ကျေးရွာအုပ်စုနယ်မြေအတွင်းရှိ ထိုင်းဆောက်လုပ်ရေး
အလုပ်ရှင် ၃ ဦးသည် ကိုဗစ်အကြောင်းပြချက်ဖြင့် လုပ်ခလစာပေးချေခြင်းမရှိဘဲ မြန်မာလုပ်သား ၂၈ ဦးကိုအလုပ်မှထုတ်ပယ်၍ လုပ်သားများမှ မဲဆောက်အခြေစိုက်အလုပ်သမားကာကွယ်စောင့်ရှောက်
ရေးအဖွဲ့အစည်းတခုဖြစ်သည့် HRDF/LLC ထံသွားရောက်တိုင်ကြားခဲ့ပြီးနောက် ယင်းအဖွဲ့အစည်းမှ
မဲဆောက်မြို့အလုပ်သမားတရားရုံးထံဦးတိုက်လျှောက်ထားပြီးတရားစွဲဆိုခဲ့သည်ဟု သိရသည်။
.
ဆက်လက်ပြီး မဲဆောက်မြို့အလုပ်သမားတရားရုံးမှ အဆိုပါအလုပ်သမား ၂၈ ဦးတို့၏လက်ကျန်လုပ်
ခလစာကိုပေးချေရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
.
ထို့သို့အမိန့်ချမှတ်ပြီးနောက် အလုပ်ရှင် ၃ ဦးထဲမှ ၁ ဦးက လုပ်သား ၂၈ ဦးအတွက် လက်ကျန်လုပ်ခ
လစာ ၅ သောင်း ၄ ထောင်ဘတ်ကို ပြန်လည်ပေးချေခဲ့သည်ဟု သိရသည်။
.
သို့သော် ကျန်အလုပ်ရှင် ၂ ဦးမှာ ယခုအချိန်ထိပြန်လည်ပေးချေခြင်းမရှိသေးပဲဇွန်လ ၂၀၂၁တွင် တရားရုံးမှာ ချိန်းဆိုထားသည်။
.
မေလ ၁၇ ရက် ၂ဝ၂၁ ခုနှစ်
.
Ref: Labor Law Clinic Mae Sot
Photo : Labor Law Clinic Mae Sot

