အလုပ်သမားတစ်ဦးအနေနဲ့ မဖြစ်မနေသိထားရမည့်အချက်နှင့်ကြိုတင်ပြင်ဆင်ခြင်း။

ပတ်စ်ပို့နှင့်ပတ်သတ်မှု

1 မိမိ၏ ပတစ်ပို့ နှင့် ဝါခ်ပါမစ် မိတ္တူကူးထားပါ (ဖြစ်နိုင်ရင် ကာလာနှင့်ကူးထားပါ)
2 ရက် (၉၀) တုံးထုဖို့ရန်အတွက် မမေ့အောင် ပတ်စ်ပို့စာအုပ်မျက်နှာဖုံးတွင် စတေကာကဒ်ပြီးရက်စွဲရေးထားပါ
3 ဗီဇာသက်တမ်းမကုန်ခင် တစ်လ ကြိုတင် သက်တမ်းဆက်ရန် တင်ထားပါ (အကြောင်းကြားထားပါ)
4 ပျောက်ရှခြင်း ရေစိုခြင်းမဖြစ်အောင် ဂရုစိုက်ပါ (ပျောက်တာပြန်ရနိင်ပေမယ့် ရေစိုရင်တော့ အခက်တွေ့မယ်)

အလုပ်နှင့်ပတ်သတ်မှု

1 မိမိအလုပ် လုပ်သည့် စက်ရုံ အလုပ်ရုံနာမည်ကို ရေးထားခြင်း ဓါတ်ပုံ မသိမသာရိုက်ထားပါ။
2 အလုပ်ရုံတည်ရာနေရာ လိပ်စာ အတိအကျရေးထားပါ
3 စက်ရုံ အလုပ်ရုံမှ ဝါခ်ပါမစ်ထုတ်ပေးပါက မိမိအလုပ် လုပ်သည့် စက်ရုံနာမည် ဟုတ်မဟုတ် လေ့လာပါ
4 စက်ရုံ အလုပ်ရုံမှ ထုတ်ပေးသော ငွေကြေစာရွက် (လုပ်အားခရှင်းသည့်စာရွက်)
5 အလုပ်သမားချိတ်ကဒ် (ထိုးဘတ်တို့ကို )မိတ္တူကူး သို့ ဓါတ်ပုံရိုက်ထားပါ
6 မိမိ အလုပ်စတင်လုပ်သည့် နေ့ရက်ကို မှတ်သားထားပါ
7 တဆင့်ခံ (ပွဲစားနှင့်) အလုပ် ဝင်သူများဖြစ်ပါက ပွဲစားနှင့်ပတ်သတ်သည့်အချက်လက်များကိုလည်း တက်နိုင်သမျှ ရယူထားပါ။

အထက်ပါ အချက်များပြည့်စုံခြင်း၏ အကျိုးသက်ရောက်မှု

ပတ်စ်ပို့ နှင့်ပတ်သတ်မှု

1 ပတ်စ်ပို့ပျောက်ဆုံးခြင်း ရေစိုခြင်းဖြစ်ခဲ့ပါက မိတ္တူနှင့်အတူ ပုလိပ်ရုံးတွင် တိုင်ကြားပါ ထို့နောက်သံရုံးတွင် ပျောက်ဆုံးကြောင်းထောက်ခံစာရယူရာတွင် အသုံးပြုရန်လိုအပ်ပြီး အသစ်ပြန်လည် လျှေက်ထားပါက အသုံးပြုရန်လိုအပ်ပါသည် (မိတ္တူအစုံမရှိရင် အသစ်ပြုလုပ်ခွင့်မရတော့ပါ)
2 ရက်(၉၀) တုံးထုဖို့ မေ့ပျောက်ရာတွင်ရက်လွန်ပါက လဝက (တောမော)ရုံးမှ 7 ရက် ခွင့်ပြုပေမယ့် ပုလိပ်ကတော့ ဖမ်းဆီးငွေညှစ်ခြင်းမှ လွတ်မြောက်မည်။
3 ဗီဇာသက်တမ်းမကုန်ခင်တစ်လကြိုတင် အကြောင်းကြားခြင်းဖြင့် အဆက်မပြတ်မေးမြန်းပါက သက်တမ်းဆက်ရန်အတွက် အချိန်မမှီပါက အခက်တွေ့မည်။
4 ပျောက်ဆုံးပါ အိမ်ထောာင်စုနှင့် မှတ်ပုံကို တစ်ပါတည်းယူဆောင်လျှက်ဖြင့် မိမိ၏ ပတ်စ်ပို့ ဝါခ်ပါမစ် မိတ္တူတို့ကိုယူဆောင်ကာ သံးရုံးအသစ်ထုတ်ယူနိုင်သည် (မိတ္တူမရှိရင် ထုတ်ခွင့်ဆုံးရှုံးမည်)

အလုပ်နှင့်ပတ်သတ်မှု

1 မှ 7 အထိ အချက်လက်များရှိထားပါက (ဥပမာ) အလုပ်ထုတ်ခံရခြင်းအလုပ်ထွက်ပြီးနောက် လုပ်အားခ ကျန်ရှိခြင်းကို ထုတ်မပေးခြင်းထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုဖြစ်ပွားခြင်း မှုခင်းရေးရာဖြစ်ပွားပါက အသုံးပြုရန် အထောက်ထားဖြစ်စေသည်။

မှတ်ချက် // မိမိပတ်စ်ပို့ စာအုပ်၏ စာမျက်နာ နံပါတ် 5 တွင်မိမိရဲ့နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ ဖုန်းနံပါတို့ကိုရေးထားပါကျပျောက်ခြင်း တစ်စုံတရာဖြစ်ခြင်းတို့ဖြစ်ပွားပါက ဆက်သွယ်ရန်အတွက်အထူးသင့်လျှော်သင့် အတွက် ရေးထားကြပါ

Leave a comment