အလုပ်သမားဝန်ကြီးမှ နိုင်ငံခြားသားအလုပ်သမားများအတွကကျန်းမာရေး စစ်ဆေးခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း ကိုနောက်ထပ် ၆ လတိုးမြှင့်ပေးရန် သဘောတူခဲ့သည်ဟုပြောဆိုထား။


 ကဘိနက်အဖွဲ့သည်  ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ရက်ကအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်၊ ၂၀၂၀ခုနှစ် သြဂုတ်လ ၄၊ အစိုးရအဖွဲ့၏ဆုံးဖြတ်ချက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ အစိုးရအဖွဲ့၏ဆုံးဖြတ်ချက် အရ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာနှင့်စပ်လျှဉ်းပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင်အစိုးရ၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားသားများအား အလုပ်ရှင်နှင့်အတူ အလုပ် ဆက်လက်လုပ်ကိုင်နိုင်ရန် အတွက် နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းနိုင်ငံတွင် ယာယီဆက်လက်နေထိုင် လုပ်ခွင့်ပြုပေးခြင်းဖြစ်သည်။

အလုပ်သမား ဝန်ကြီး ၂၀၂၀ခုနှစ်အစောပိုင်း မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပေါ်သည်မှ ခရိုင်နယ်မြေဒေသများစွာတွင်ပြန့်နှံ့မှုသည် အခြားခြားသော အလုပ်အကိုင်စီမံခန့်ခွဲမှုနှင့်နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုပါ ရိုက်ခတ်လာခြင်းကြောင့်  ကျန်းမာရေးစစ်ဆေးခြင်း နေထိုင်ခွင့်ဗီဇာတောင်း ဆိုခြင်း အလုပ် လုပ်ခွင့်အသစ်လျှောက်ထားခြင်းများအတွက် နှောင့်နှေးစေခဲ့ပြီး ယခုလို ဖြေလျှော့မှု မကြာဏ ထုတ်ပြန်လိုက်ရခြင်းဖြစ်သည်။

ထုတ်ပြန်သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်၍မရ သဖြင့် နိုင်ငံခြားသား သုံး နိုင်ငံသားဖြစ်ကြသော ကမ္ဘောဒီးယား လာအို နှင့် မြန်မာ တို့အား တရားမဝင်နေထိုင်မှုစနစ်သို့ရောက်သလို ပြစ်မှုကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်ပို့ဆောင်ရန်အတွက် စောင့်ဆိုင်းနေသည့် အလုပ်သမား တို့၏ ကိစ္စ
ကိုပါဆောင်ရွက်ခွင့်မရသဖြင့် ၎င်းတို့၏နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းကိုပါ ဆိုင်းငံ့ထားခံရသည် ထို့ကြောင့်  နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကျန်းမာရေးဝန်ကြီးတို့မှ ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်စေရန်နှင့် လူမှုစီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံခြားသားအလုပ်သမားတို့အား၏  

“ အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားဆိုင်ရာဝန်ကြီးဌာနအဖွဲ့ သည် ကိုဗစ်-၁၉ ဒုတိယ လှိုင်းဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှု အတွက် အဆင်ပြေစေဖို့ရန်အတွက်
အောက်ပါအတိုင်းဆွေးနွေးထုတ်ပြန်ခဲ့သည်။

၁။ နိုင်ငံခြားသားအလုပ်သမားများအတွက် ကျန်းမာရေးစစ်ဆေးမှုကာလတိုးချဲ့ခြင်းနှင့်ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထူးအစီအစဉ်ဖြင့် တင်ပြ လာခြင်းကို လက်ခံသဘောတူကြောင်း ထိုအလုပ်သမားအုပ်စု တို့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ရက်ကအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်၊ ၂၀၂၀ခုနှစ် သြဂုတ်လ ၄၊ အစိုးရအဖွဲ့၏ဆုံးဖြတ်ချက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သက်တမ်းဆက်ခြင်းကို ၆ လတိုးမြှင့်ဆိုင်းငံ့ထားခြင်းဖြစ်ပြီး ထိုင်းအစိုးရနှင့် နိုင်ငံခြားအစိုးရ တို့၏
နားလည်မှုစာချွန်လွှာ တနည်းသဘောတူညီချက်စာချုပ်ဖြင့် အလုပ်သမားတင်သွင်းခြင်း လာရောက် လုပ်ကိုင်ခြင်းဖြစ်သော MOU နေထိုင် အလုပ် လုပ်ကိုင်ခွင့်  ၂ နှစ်ပြည့်သူများအပါဝင်ဖြစ်သည်။

၂။ အလုပ်သမားဝန်ကြီးသည် အစိုးရ ကဘိနက်အဖွဲ့၏ ၂၉ ဒီဇင်ဘာ ၂၀၂၀ခုနှစ်နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ ထုတ်ပြန်ချက်ကိုလည်း အောက်ပါအတိုင်းဘဘောတူလက်ခံကြိုဆိုကြောင်း

    2.1 ကျန်းမာရေးစစ်ဆေးခြင်းကို နဂိုမူလတားမြစ်ထားသည့် ရောဂါ ၆မျိုး စစ်ဆေးရန်အတွက် ယခင် ထုတ်ပြန်ထားသည့်ရက်မှ အောက်တိုဘာ ၁၈ ရက် 2021အထိ ၆ လထပ်မံတိုးမြှင့်လိုက်ပြီး ကိုဗစ် ၁၉ ရောဂါကိုတော့ မူလထုတ်ပြန် ၁၆ ဧပြီ ၂၀၂၁ အတွင်းအပြီးဆောင်ရွက်စစ်ဆေးရမည်။

   ၂.၂   အလုပ်ရှင်ရှိပြီးသူများအတွက် အလုပ် လုပ်ခွင့်လက်မှတ်ပါရှိသော ပန်းရောင်ကဒ် ပြုလုပ်ခြင်းကို ၂၀၂၁ခုနှစ်ဒီဇင်ဘာ ၃၀ ရွှေ့ဆိုင်းလိုက်ပြီး အလုပ်ရှင်မရှိသေးသော နိုင်ငံခြားသားအလုပ်သများအတွက် အလုပ်ရှင်ရှာဖွေခြင်းနှင့် ပန်းရောင်ကဒ် ပြုလုပ်ခြင်း အလုပ် လုပ်ခွင့်လက်မှတ်ပြုလုပ်ခြင်းကို  ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ရွှေ့ဆိုင်းပေးလိုက်သည်။

     ၂.၃.  နိုင်ငံနှင့် နိုင်ငံသားများအတွက် လုံခြုံမှုရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ကိုယ်ရေးကိုယ်တာအထောက်အထားများ စစ်ဆေးခြင်းတင်သွင်းခြင်းလုပ်ငန်းနှင့် ကိုဗစ် ၁၉ စစ်ဆေးခြင်းကို သတ်မှတ်ထားသည့်၂၀၂ ၁ ခုနှစ် ပြီလ ၁၆ ရက်အတွင်းအပြီးအစီးဆောင်ရွက်ရမည်
ဖြစ်ပြီး  လူဝင်မှုကြီးကြပ်ရေးရုံးမှ အလုပ် လုပ်ခွင့်လက်မှတ်လျှောက်ထားနိုင်ရန်အတွက် အချက်အလက်များကို အလုပ်အကိုင်ဦးစီးဌာန သို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

     ၂.၄ COVID-19 စစ်ဆေးခြင်း အတွက် ကုန်ကျစာရိတ်သည် သက်ဆိုင်ရာ ခရိုင်ဒေသ နယ်မြေ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆေးဘက်ဆိုင်ရာသိပ္ပံဌာနမှအသိအမှတ်ပြုထားသောဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ ဖြင့်
 COVID-19 စစ်ဆေးခကို ဆိုင်ရာဆေးရုံမှသတ်မှတ်နိုင်သည် ။

     ၂.၅ ။ COVID-19 စစ်ဆေးပြီး၍ ရောဂါကူးစက်ခံထားရသော နိုင်ငံခြားသား အလုပ်သမားသည် ပျောက်ကင်းသည်အထိကုသခံယူခွင့်ရှိပြီး ပျောက်ကင်းပြီးကြောင်း အတည်ပြုပြီးသည့်နောက် အလုပ် လုပ်ခွင့်တောင်းဆိုခြင်းကို ပျောက်ကင်းသည့်ရက်မှစ၍ ရက်ပေါင်း၆၀အတွင်းပြီးစီးအောင်ဆောင်ရွက်ရမည်။

၃။ ယခင်တရားမဝင်နေထိုင်လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြစ်မှုကျခံရသူများကိုလည်း အလုပ်ရှင်နှင့် ပြန်လည်လုပ်ကိုင်လိုပါက လူဝင်မှုကြီးကြပ်ရေးရုံးမှ အလုပ်ရှင်နှင့်ပြန်လည် အလုပ် လုပ်နိုင်ရန်အတွက်
စေလွှတ်ပေးခြင်း

အလုပ်အကိုင်ဦးစီးဌာန၏စာရင်းအရ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရန်အတွက် ကဘိနက်မှ အတည်ပြုလိုက်သည့် နိုင်ငံခြားသားအလုပ်သမားတို့သည် စုစုပေါင်း  ၂,၃၃၅,၆၇၁ ဦးရှိပြီး အုပ်စုအားဖြင့်

 ၁။ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသည့်အဖွဲ့ ၁,၄၀၀,၃၈၇ ဦး

     ၁.၁ နိုင်ငံခြားသားအလုပ်သမားများသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရအကြုံးဝင်သည့်အဖွဲ့  ၁,၁၆၂,၄၄၃ ဦး

၂၀၂၁ ခုနှစ်မတ်လ ၃၁ ရက်တွင်သက်တမ်းကုန်ဆုံးမည့်အုပ်စု ၁,၁၆၂,၄၄၃ ဦး ရှိသည်။

ဤအုပ်စုတို့အား ကျန်းမာရေးစစ်ဆေးခြင်းနှင့်နေထိုင်ခွင့်ဗီဇာတောင်းဆိုခြင်းကို ၃၁ ဇူလိုင် ၂၀၂၁ အထိ
ရွှေ့ဆိုင်ပေးထားသည်။

၂     MOU အလုပ်သမားများ အဖွဲ့၄၃၄,၇၈၄ ဦးရှိပြီး
၂.၁  နိုဝင်ဘာ ၁၀ ကဘိနက်အဖွဲ့၏ဆုံးဖြတ်အရ ၁၀  နိုဝင်ဘာ ၂၀၂၀ အကြုံးဝင်သည့်အဖွဲ့ ၁၁၉,၀၉၄ ဦး
၂.၂  ဗီဇာ ၂ နှစ်ကုန်သည့် MOU အလုပ်သမား ၃၁၅,၆၉၀ ဦး

ဤအုပ်စုတို့အား ကျန်းမာရေးစစ်ဆေးခြင်းနှင့်နေထိုင်ခွင့်ဗီဇာတောင်းဆိုခြင်းကို ၆ လထပ်မံ တိုးမြှင့်ရွှေ့ဆိုင်းလိုက်သည် ၎င်းတို့၏ဗီဇာသည်လည်း ၃၁ ဇွန်လ ၂၀၂၂ နောက်ဆုံးဖြစ်သည်။

၃။ အစိုးရ ကဘိနက်အဖွဲ့၏ ၂၉ ဒီဇင်ဘာ ၂၀၂၀ခုနှစ်နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာနှင့်
ပန်းရောင်ကဒ်ပြုလုပ်ရန် စာရင်းတင်သွင်းမည့် နိုင်ငံခြားသားအလုပ်သမားတို့သည် ခန့်မှန်ခြေအားဖြင့်
၅ သိန်းခန့်ရှိမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းနှင့် ကိုဗစ် ၁၉ စစ်ဆေးခြင်းလုပ်ငန်း
ကို သတ်မှတ်ထားသည့် အတိုင်း ဧပြီး ၁၆ တွင်အပြီးအစီး ဆောင်ရွက်ရမည်ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး
ဌာနမှလည်း ထိုအချက်အလက်များကို အလုပ်အကိုင်ဦးစီးဌာနသို့ပေးပို့ရမည် ထိုသို့မှသာလျှင် အလုပ် လုပ်ကိုင်ခွင့်တောင်းဆိုရနိုင်မည်ဖြစ်သည်။

၄။ ယခင်တရားမဝင်နေထိုင်လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြစ်မှုကျခံရသူများကိုလည်း ၅၀၀ဦးခန့်ရှိသည့်အတွက် အလုပ်ရှင်များအနေဖြင့်  မိမိတို့၏ အလုပ်သမားကို ပြန်လည်ခေါ်ယူလိုပါက သို့မဟုတ် အသေးစိပ်သိရှိလို ပါက ဘန်ကောက် အလုပ်သမားဝန်ကြီးဌာန သို့ ၁၅၀၆ (၂) နှိပ်၍ ဆက်သွယ်မေးမြန်းနိုင်သည်။

 https://www.doe.go.th/prd/main/news/param/site/1/cat/7/sub/0/pull/detail/view/detail/object_id/42870

Leave a comment