
အလုပ်သမားဝန်ကြီးဌာန ညွန်ချုပ်မှ လူမှုဖူလုံရေးဌာနတာရှိသူတို့နှင့်တွေ့ဆုံကာ လုပ်သားပြည်သူတို့၏ ပေးသွင်းထားသည့် လူမှုဖူလုံရေးရန်ပုံငွေထဲမှ သက်ကြီးပင်စင်စာရိတ် ရန်ပုံငွေကို ထုတ်ပေးရန်အတွက် ဇန်နဝါရီလ ၃ ရက်နေ့ အစည်းအဝေးတွင် ဆွေးနွေးပြောဆိုထားပါသည်။
လက်တလောအပူတပြင်း အခက်အခဲဖြစ်၍ မိမိတို့ပေးသွင်း ထားသည့်အာမခံငွေကို ပြန်ပေးဖို့ တောင်းဆိုတာ မရရင်တော့ တောင်းစားဖို့ပဲကျန်တော့တယ်ဆိုသည့် ကိစ္စနှင့်ပတ်သက်သက်၍ လူမှုဖူလုံရေးအာမခံငွေ ပေးသွင်း သူတို့၏ တောင်းဆိုချက်များ နှင့်စပ်လျဉ်းပြီး အလုပ်သမားဝန်ကြီးမှ လူမှုဖူလုံရေးဌာနနှင့် ဥပဒေလမ်းကြောင်းအရ အသေးစိတ်အချက် အလက်များ သုံးသပ်လေ့လာခြင်း အားလုံး၏ထင်မြင်ချက်များ ဘဘောထား များနှင့် အညီဆက်လက်ဆောင်ရွက်ရန် ပြောဆိုထားပါသည်။
အလားတူ လုပ်ငန်းရှင်များ စက်ရုံအလုပ်ရုံပိုင်ရှင်များအတွက်လည်း ဘဏ်မှတဆင့် ချေးငွေ သန်းပေါင်း သုံးသောင်းထုတ်ပေး၍ လက်ရှိအခက်ခဲပြဿနာများကိုဖြေရှင်းစေခဲ့ရာတွင်လည်း လုပ်ငန်း ၆၃ မျိုးအတွက် လူဦးရေအားဖြင့် ရှစ်ထောင် ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်းခန်သာ ဖြေရှင်းနိုင်မို့ ယခုဖြစ်ပေါ်နေသောအခက်အခဲပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည့် အတွက် လုပ်သားပြည်သူများအနေဖြင့် စိတ်အေးအေးထားကာ နားလည်ပေးဖို့ သည်းခံကြဖို့ တိုက်တွန်းထားပါသည်။