သြဂုတ် ၃၁ ၊၂၀၂၃ ၊ ချွန်ဖော်
ယမန်နေ့ တွင် ချွန်ဖော်ခရိုင် ပါ့ထိယူမြို့ ခေါင်ချိုင်ရရတ်ကျေးရွာ တွင် ဒသခံအာဏာပိုင်များ စစ်ဆေးရေးပြုလုပ်ပြီး စစ်ဆေးမှုများ ပြုလုပ်ရာစူရတ်ထာနီသို့ ဦးတည်မောင်းနှင်လာသည့်အဖြူရောင်ပစ်ကပ်ကားတစီးတွေ့သဖြင့် ရပ်ခိုင်းပြီး စစ်ဆေးကြည့်ရာ အထောက်ထားမရှိသည့် မြန်မာအလုပ်သမား ၁၀ဦး (ကျား ၆၊မ၄)ဦးတို့ကို တွေ့ရှိဖမ်းဆီးကြောင်း သိရှိရသည်။
စုရတ်ထာနီသို့တဦးလျှင် ပွဲစား ဘတ်၁၅၀၀၀ထိပေးရပြီး အချို့
တဝက်ငွေချေထားတာရှိပြီး ကျန်တဝက်ကို နေရာရောက်လျှင် ပေးရ
မည်ဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးမိသူအားလုံးကို သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရနောင်းအခြေစိုက်အမှတ် (၂၅ )ခြေလျင်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
#အလုပ်သမားဟစ်တိုင်FBမှတဆင့်


